Saturday 1 February 2014
၂၂၇ သွယ်သော ၀ိနည်း
ဝိနယ - ၀ိနည်း
“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း မျိုး
ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏
ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏  မထိုင်၏ ဆိုတဲ့အမေးကို အရှင်သုနန္ဒာလင်္ကာရ က World Of Wisdom ဝက်ဆိုဒ်ထဲမှာဖြေထားတာလေးကို ပြန်လယ်မျှဝေပေးလိုပါတယ်
ဦးဆောင်မှု ၀ါးတားတားတွေကြောင့် ဆရာတော် ဦးဝီရသူ ရှေ့ထွက်လာတယ်
“ ဦးဆောင်မှု ၀ါးတားတားတွေကြောင့် 
ဆရာတော် ဦးဝီရသူ ရှေ့ထွက်လာတယ် ”
= = = = = = = = = = = = = = = = = = = = = = = = = = = = = =
မီဒီယာသမားကလည်း မီဒီယာသမားအလုပ်ပေါ့ဗျာ။ လူမှုကွန်ယက်ဟစ်တိုင် ဆိုတဲ့ 
ဂျာနယ်က နေ ဖော်ပြလိုက်တဲ့ “မြန်မာတွေ အတုယူတတ်ဖို့ လိုတယ်” ဆိုတဲ့ 
ဆောင်းပါးနဲ့ ပတ်သက်ပြီး သူရေး တာကို ပြန်လည်တုန့်ပြန်ရေးသားရမယ့် 
အခြေအနေမျိုးလို့ ထင်မြင်ယူဆတဲ့အတွက် ပြန်လည်ရေး သားတင်ပြခြင်းပါ။ 
ကျွန်တော် ဂျာနယ်တိုက်မှာ အလုပ်လုပ်နေတုံးကလည်း ကျွန်တော်ရေးတဲ့ 
ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး တချို့တုန့်ပြန်ရေးသားကြတာမျိုး 
ကြုံတွေ့ရဖူးပါတယ်။ ဆရာတော် ဦးဝီရသူကို မီဒီယာတွေက အကောင်းတစ်မျိုး ၊ 
အဆိုးတစ်မျိုး ဖော်ပြတာမျိုးတွေ တွေ့ရတော့ မီဒီယာ မှာမှ သတိထားရမယ့် မီဒီယာ
 ၊ ကြောက်စရာ ကောင်းတဲ့ မီဒီယာ၊ ပြည်သူအားကိုးရတဲ့ မီဒီယာ ဆိုပြီး 
ဖြစ်လာပါတယ်။ မီဒီယာလောကသားတွေကိုယ်တိုင်လည်း အ၀ါရောင် 
မီဒီယာတွေပေါ်လာတယ်ဆို တာကိုတောင် လက်ခံထားကြတာပါ။ ဂျာနယ်တစ်ခု ထူထောင်ဖို့ 
သိန်းပေါင်းများစွာ အရင်းတည်ရ သလို ပြည်သူကြားမှာ ရေပန်းစားဖို့ဆိုတာလည်း 
အတော်လေး ကြိုးစားကြတာပါ။ ကိုယ်တိုင်လည်း ထိုက်သင့်သလောက် သိထားတဲ့အတွက် 
မီဒီယာတွေ ပေါက်ပေါက်မြောက်မြောက် ဖြစ်စေချင်တဲ့ ဆန္ဒကတော့ ရှိရင်းစွဲဆန္ဒပါ။
 ခက်တာက ကျွန်တော်တို့ ပြည်သူလူထုမှာကလည်း ဂျာနယ်တွေကို မျက်စိဒေါက်ထောက် 
ဖတ်ရှုနေနိုင်တဲ့ အဆင့်အတန်းမျိုး မဟုတ်သေးသည့်အတွက် ဂျာနယ်တွေ အတော်လေး 
ရုန်းကန်ကြရပါတယ်။ ရှိစေတော့နော်။
ရေးသားတင်ပြထားတာကတော့ အကောင်းဘက်ကို ဦးတည်ပြီး ရေးသားတင်ပြထားတာ 
ဖြစ်တဲ့အတွက် ကလောင်ရှင် ဘိုကေတစ်ထောင် ထောက်ပြတဲ့အတိုင်း 
အတုယူတတ်ကြမယ်ဆိုရင် တော့ တိုင်းပြည်အတွက် အလားအလာကောင်းပါလို့ 
ထောက်ခံပေးရမှာပေါ့ဗျာ။ နောက်တစ်ခုကတော့ ဦးဝီရသူကို အရှေ့အလယ်ပိုင်းက 
ဘာသာရေးခေါင်းဆောင်တွေနဲ့ ခိုင်းနှိုင်းတင်ပြခြင်းအပေါ် လုပ်ရပ် ပေခြင်းလို့ 
သြချ ရတော့မှာပါပဲ။
ဦးဝီရသူလို ဆရာတော် တစ်ပါးအနေနဲ့ ဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခတွေ ၊ 
ဖြစ်ပေါ်လတ္တံ့သော ပြဿ နာတွေကို အခြေခံပြီးတော့မှ မီဒီယာမျက်နှာစာတွေမှာ 
သူမပါမပြီး ပုံစံမျိုးဖြစ်လာပါတယ်။ ဒီလိုဘာ ကြောင့်ဖြစ်လာသလဲလို့ 
ပြန်စဉ်းစားရင် ပြဿနာတွေ၊ ပဋိပက္ခတွေအပေါ်မှာ လူပုဂ္ဂိုလ်များဖြစ်ကြတဲ့ 
နိုင်ငံခေါင်းဆောင်တွေရဲ့ မပြတ်သားတဲ့ လုပ်ကိုင်ဆောင်ရွက်မှု ၊ 
အတိုက်အခံလို့ ဆိုအပ်တဲ့ အတိုက်အခံ ခေါင်းဆောင်တွေရဲ့ အမျိုးသားရေးနဲ့ 
ပတ်သက်တဲ့ကိစ္စတွေအပေါ်မှာ ပြတ်သားစွာ ရပ်တည်မှု မရှိခြင်း စတဲ့ 
အချက်တွေကြောင့် ရှေးယခင်က ဆရာတော် ဦးဥတ္တမ ဆိုတဲ့ နိုင်ငံဂုဏ် 
ဆောင်ဆရာတော်တစ်ပါးက မြန်မာတွေ သူ့ကျွန်ဘ၀က လွတ်ဖို့ 
အမျိုးသားရေးစိတ်ဓာတ်ပြန်လည် နှိုးဆော်ပေးခဲ့သလိုမျိုးပါပဲ။ သိပ်ပြီး 
အမွှန်းတင်လွန်တယ်လို့တော့ မထင်ပါနဲ့။ ပြဿနာတွေကို မကြည့်ဘဲ 
အမွှန်းတင်လွန်တယ်လို့ ထင်ရင် ခင်ဗျားနှမ ၊ ကျွန်တော့်နှမတွေ မလျှော်တဲ့ဇာတ်
 အသွင်းခံလိုက်ရပြီးကာမှ ဦးဝီရသူပြောတာတွေက မှန်ပါလားလို့ လက်ခံမိကြမှာပါ။
 ပြဿနာတွေမှာမှ ကျွန်တော်တို့ သိတာတွေရှိတယ်။ မီဒီယာက ဖော်ပြပေးလို့။ 
ကျွန်တော်တို့မသိလိုက်ရတာတွေ ရှိတယ်။ သိပ်ပြီး လက်ကွက်စိပ်တယ်။ အစိုးရကလည်း
 မဖြစ်သင့်တာမဖြစ်အောင်ဆိုပြီး ဖုံးဖိပေးတာ မျိုးတွေ ရှိနေတော့ တစ်စတစ်စနဲ့
ဆိုပါတော့ဗျာ။
ကျွန်တော်ပြောချင်တာက လူတစ်ဦးတစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာကို 
ကိုးကွယ်ယုံကြည်ရာ ကနေ သူ့သဘောဆန္ဒအလျှောက် စိတ်အလိုမကျလို့သော်လည်းကောင်း ၊
 တခြားဘာသာတစ်ခုကို လေ့လာပြီးတဲ့အခါမှာ နှစ်သက်လက်ခံလို့သော်လည်းကောင်း 
ဘာသာကူးပြောင်းသွားတာမျိုးကို မိစ္ဆာ ဒိဌိကို ကူးပြောင်းရုံမကလို့ လူသတ်ဝါဒ 
ကျင့်သုံးတဲ့ ဘာသာကိုပဲ ကူးပြောင်းသွားသည်ဖြစ်စေ သူ့ အလိုဆန္ဒအရ 
ဖြစ်တဲ့အတွက် ကျေကျေနပ်နပ်ကြီးလက်ခံခွင့်ပြုပေးရမှာပေါ့ဗျာ။ 
ကျွန်တော်တို့ဘက်က ပြောသင့်တဲ့စကားကိုလည်း မပြောပဲနေလို့တော့ 
ဘယ်ဖြစ်ပါ့မလဲ။ အများပြောတဲ့ လူ့အခွင့်အရေး စံနှုန်းအရပေါ့။ 
မြန်မာပြည်တွင်းမှာဖြစ်နေတာတွေက အဲဒီလိုမဟုတ်ဘူးဗျ။ ဗုဒ္ဓ ဘာသာဆိုပေသည့် 
ဘာသာရေးအသိဥာဏ်နည်းတယ်။ တခြားဘာသာအကြောင်းလည်း ဘာမှ သိတာမဟုတ်။ အဲဒီလို 
လူမျိုးတွေကို အတင်းအဓမ္မ အုံလိုက်ကျင်းလိုက်ဝိုင်းပြီး သွတ်သွင်းတာမျိုးတွေ
 မဖြစ်ရအောင် ၊ အသွတ်သွင်းမခံရအောင် ဆရာတော်သံဃာတော်တွေက လူမိုက်လုပ်ပြီး 
ရှင်းပြ၊ ပြောဆိုနေကြရတာမဟုတ်ဘူးလား။ ဒီအထဲမှာမှ တခြားဆရာတော်တွေထက် 
ဦးဝီရသူက တစိုက် မတ်မတ် လုပ်နေတယ်ဆိုတော့ကာ သူ့ကိုဦးချိုးလိုက်နိုင်ရင် 
ကျန်တဲ့သူတွေ ငြိမ်ကျသွားမယ် ဆိုတဲ့ သဘောမျိုးနဲ့ ကမ္ဘာ့ထိပ်တန်း 
မီဒီယာကြီးကတောင် အကြမ်းဖက်ဂုဏ်ပုဒ်ကို တပ်သေးတာပဲဗျာ။ သူတို့ပြောတိုင်းသာ 
လက်ခံရရင် ကျုပ်တို့မြန်မာပြည်ဆိုတာတောင် ရှိမှာ မဟုတ်လောက်တော့ဘူး။
ဦးဝီရသူက ဒေါ်စုကို ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်ကြပါအုံး။ 
ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လက်ပံတောင်းတောင် 
စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး အစီရင်ခံစာတင်တဲ့အခါမှာ
 ဒေသခံတွေဘက်က ဆန့်ကျင်ကန့်ကွက်မယ်ဆိုတော့ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ဘက်က
 ရပ်တည်ပေးတဲ့။ ဒေါ်စုရဲ့အကြံပြုချက်ကို လက်ခံကြရမယ်ဆိုပြီး 
ကြေညာချက်ထုတ်ပြန်လိုက်ကြတာကို မှတ်မိကြအုံးမှာပါ။ တိုင်းပြည်မှာ 
အများပြည်သူ ယုံကြည်ကိုး စားတဲ့သူက ရှားတယ်။ အဲဒီအတွက် 
ယုံကြည်ကိုးစားလောက်တဲ့သူရဲ့ စီရင်ဆောင်ရွက်မှုကို လက်ခံ ကြရမှာပဲလေဗျာ။ 
အဲဒီအတွက် ဆရာတော်က ရပ်တည်ပေးခဲ့တာပါ။ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး 
ဒေသခံတွေက လက်မခံလို့ အခုထိ လျော်ကြေးမယူကြသေးတဲ့သူတွေတောင်ရှိတယ်မဟုတ်လား။
 ဒီ့အနောက်က အကြောင်းတွေကို ထားလိုက်ပါတော့။ ကျွန်တော်တို့က မကောင်းဘူးလို့
 ထောက်ပြရင် အစိုးရအဖွဲ့အစည်းကလည်း သံဃာကို မီးလောင်ဗုံးနဲ့ပစ်တဲ့အထိ 
ယုတ်မာတယ်ဗျာ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အစီရင်ခံစာကလည်း ဒေသခံတွေအကျိုး 
ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးဗျာ။
ဦးဝီရသူကို လူငယ်တစ်ဦးက ရခိုင်ပြည်နယ်မှာ အခုချိန်ထိ 
ကလေးငယ်လေးတွေပါမချန် မုဒိန်းကျင့်ခံရ ၊ သတ်ဖြတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီး 
စိတ်မကောင်းဘယ်လောက်အထိ ဖြစ်ရ တယ် ဆိုတာကို လျှောက်တယ်ဗျ။ ဆရာတော်က “မင်းက 
အဲဒီလောက်ပဲခံစားရတာ” ဆိုပြီး ဆရာတော် စကားမဆက်တော့ဘူး။ ခင်ဗျားတို့ 
ကျုပ်တို့ တွေးရမှာက “ဦးသောဘိတ”ဆိုတဲ့ သံဃာ တစ်ပါးကို ရက်ရက်စက်စက် 
သတ်သွားတာလေဗျာ။ ကျုပ်တို့အတွက် ကိုးကွယ်ရာ။ ဆရာတော်တို့ အတွက် ညီတော် ၊ 
နောင်တော် ဒါမျိုးရှိတယ်ဗျ။ ပဋိပက္ခတွေကို ပြန်ပြီး ခြေရာမခံချင်တော့ပါဘူး။ 
အဲဒီလိုလျှောက်ထားရင်း ဆရာတော်က အမျိုးသားရေးဘက်ကို ဦးတည်ပေးနိုင်မယ့် 
ခေါင်းဆေင်မျိုး ကိုတော့ ရှာကြရမယ်။ ဒေါ်စုကိုလည်း အမျိုးသားရေးဘက် 
ပြန်ကြည့်စေချင်တယ်လို့ မိန့်တယ်။
ဆရာတော် ဦးဝီရသူအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး 
ဟောခဲ့ပြောခဲ့တာ တွေရှိပါတယ်။ သူ့ကို ဒကာတစ်ဦးက လျှောက်တဲ့ မွတ်ဒေါင်း 
ဆိုတာကို တရားပွဲမှာ စပြီးချပြကတည်း က NLD ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ 
အမြင်စောင်းမှုကို ခံရတော့တာပါပဲ။ ဒါပေသည့်နော် အောက်ခြေ ပါတီဝင်လေးတွေက 
အဲဒီအခြေအနေတွေကို သိတယ်။ အဲဒီအတွက်လည်း ပါတီက ခေါင်းမခံတဲ့ 
အမျိုးသားရေးကိစ္စတွေမှာ သူတို့အသိနဲ့သူတို့ လိုက်ပါဆောင်ရွက်ကြတာမျိုးတွေ 
ကိုယ်တွေတောင် လိုက်မမှီပါဘူးဗျာ။ တကယ်ကို လုပ်နိုင်ကြတဲ့သူတွေပါ။ 
အဲဒီလိုလုပ်တဲ့သူတွေကို တောင် ပါတီခေါင်းဆောင်ပိုင်းက 
အပြစ်မြင်ချင်တဲ့သဘောလေးတွေ ပြန်လည်ကြားသိရတော့ စိတ်မ 
ကောင်းမိတာအမှန်ပါပဲ။
ဆရာတော်အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ပြောဆိုလာတဲ့အခါမှာ အစွန်းတစ်ခုကို 
ရောက်လာပြီလို့ သုံးသပ်ကြတယ်။ ကျွန်တော်ကတော့ လက်မခံတာမှန်ပါပဲ။ 
အစွန်းရောက်တယ်လို့ ယူဆသူတွေဟာ ပုဂ္ဂိုလ်စွဲ အရမ်းထားကြတယ်။ ဘယ်လောက်အထိ 
ပုဂ္ဂိုလ်စွဲသန်သလဲဆိုရင် ပါတီမှာ ဘယ်သူမှ မရှိ တော့ရင်တောင် 
ဒေါ်စုမှဒေါ်စုလို့ ပြောကြတာပါ။ ချစ်ကြတာပေါ့ဗျာ။ ခင်ဗျားတို့မှ အမေတပ်ပြီး 
ချစ်ချင် ကြတာမဟုတ်ဘူး။ ပြည်သူက ချစ်တဲ့ NLD လို့ ကင်ပွန်းတပ်ထားကြတာ 
မဟုတ်ဘူးလား။ အဲဒီအတွက် တကယ်ချစ်ထိုက် မချစ်ထိုက်ဆိုတာကို ဆရာတော်က 
ဖော်ကောင်လုပ်ပေးရတာ။ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေမှာ ဒေါ်ဆောင်ဆန်းစုကြည်အနေနဲ့
 ရပ်တည်တဲ့ပုံစံကို အမျိုးသားရေး ၀ါဒီ တွေက သဘောမကျကြဘူးလေ။ ဒါပေသည့် 
အဲဒီလူတွေအားလုံးက ပြည်သူကိုကြောက်တယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်လို 
ပုဂ္ဂိုလ်မျိုးကို ဝေဖန်ရင် သူတို့ကိုပါ သေဒဏ်ခတ်မှာကြောက်ကြတယ်။ ဘယ်သူကမှ 
ပြတ်ပြတ်သားသား မရှိတဲ့အခါမှာ ဆရာတော်က လမ်းခင်းပေးလိုက်တော့ ဆရာတော် 
ခင်းပေးတဲ့လမ်းကို လိုက်လျှောက်ကြပြီး ဒေါ်စုမို့လို့ မဝေဖန်ရဘူးလားဆိုပြီး 
ဝေဖန်မှုတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်လာတော့ တစ်ဖက်အသိုင်းအ၀ိုင်းက 
ဆရာတော့်အပေါ်ကို အမြင်စောင်းလာကြတာပါ။
ဒီဒဏ်ကိုလည်း ဆရာတော်က ကြံ့ကြံ့ခံပြီး ရင်ဆိုင်မှာပါ။ ဘာလို့လဲဆိုတော့ 
ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဒေါ်စုကို အမျိုးသားရေးဘက် ပြန်လည်ဦးတည့်စေချင်တဲ့
 ရည်ရွယ်ချက်ဖြစ်နေ လို့ပါပဲ။ မီဒီယာတွေမှာ ဆရာတော်ပြောတဲ့အခါမှာ 
အဲဒီအကြောင်း ကျန်ခဲ့ကောင်း ကျန်ခဲ့လိမ့်မယ်။ ဒါပေသည့် 
အမျိုးသားရေးအစွဲသန်သူတွေ ၊ တက်ကြွသူတွေကို ဆရာတော် 
မိန့်ကြားတဲ့အခါတိုင်းမှာ ဒေါ်စုကိုလည်း အမျိုးသားရေးဘက် 
ပြန်ပါလာစေချင်တယ်ဆိုတာကို အမြဲမိန့်ကြားတယ်ဆိုတာတော့ ကိုယ်တိုင်လည်း 
ကြားနာခဲ့ရသလို တစ်ဆင့်စကားလည်း ပြန်လည်ကြာသိရပါတယ်။
တစ်ခုခက်တာက ကျုပ်တို့တွေပေါ့ဗျာ။ ခေါင်းဆောင်အသစ်ကိုလည်း မရှာကြဘူးဗျ။ 
ဒေါ်စု လောက်တော်တဲ့သူ ဘယ်သူရှိမှာလဲလို့ 
တွင်တွင်ပြောဆိုနေကြတာမျိုးတွေရှိတယ်။ အဲဒီလိုဆို ဒေါ်စုက သေတမ်းစာတောင် 
ရေးပြီးနေပြီ။ ကဗျာလိုလိုပါပဲ။(ဖတ်ချင်သူများ တောင်းခံပါ။ ကျွန်တော့်ဆီမှာ 
စာရိုက်ပြီးသားရှိပါတယ်။)သူမရှိတော့တဲ့နောက် တခြားသော ၊ တခြားသော သူတွေတက် 
လာကြရမှာပဲ မဟုတ်ဘူးလား။ ဒေါ်စုလောက်အရည်အချင်းမရှိသည့်တိုင် ခေါင်းဆောင် 
ဆိုတာကိုလည်း မွေးမြူကြရမယ်ဆိုတဲ့အသိ မ၀င်ကြသေးဘူး။
ဆရာတော် ဦးဝီရသူကို ခိုင်းနှိုင်းကြတဲ့အခါမှာ အလွန်အကျွံ 
ခိုင်းနှိုင်းပြောဆိုကြတာမျိုးတွေ တွေ့ရတော့ ဆရာတော်လည်း 
ဝဋ်ကြွေးတွေခံနေရတာပဲလားလို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်နေနဲ့ စဉ်းစားမိတာပါဗျာ။ 
အခုဆရာတော် မွတ်စလင်ဘာသာဝင်တွေနဲ့တွဲပြီးတော့ ဘာသာပေါင်းစုံချစ်ကြည် 
ငြိမ်းချမ်းရေးဆိုပြီးတော့ လုပ်နေတယ်ဗျာ။ ကြာပါပြီ။ အရှေ့အလယ်ပိုင်း 
ဘာသာရေး ခေါင်းဆောင် တွေနဲ့ ခိုင်းနှိုင်းရလောက်အောင်အထိတော့ 
မဖြစ်သင့်ဘူးထင်လို့ပါ။ အခုရေးသားတင်ပြမှုဟာ ဆောင်းပါးရှင် ဘိုကေတစ်ထောင်ရဲ့
 အကြံပြုချက်ကို လက်မခံလို့မဟုတ်ပါဘူး။ ဒေါ်ယဉ်လတ် 
လုပ်ကိုင်ဆောင်ရွက်ပြသွားတာလေးကိုလည်း လက်ခံပါတယ်။ ကျုပ်တို့နိုင်ငံက 
လက်ရှိခေါင်းဆောင်တွေရော ၊ နောက် လာမယ့် ခေါင်းဆောင်တွေရော 
အဲဒီလောက်အထိတော့ ပြည်သူကို လေးစားမှုမရှိဘူးဆိုတာ ပြောနိုင်ပါတယ်။
အရှေ့အလယ်ပိုင်း ဘာသာရေးခေါင်းဆောင်တွေက သူတို့တိုင်းပြည်တွေမှာ တခြားဘာသာ 
ဆိုရင် လုံးဝလက်မခံချင်ကြတဲ့ အစွဲဗျ။ အဲဒီအစွဲနဲ့အတူ လက်တွေ့ကျကျ 
အကြမ်းဖက်မှုတွေလုပ်တာ လဲ သတင်းမီဒီယာတွေကပဲ ဖော်ပြပေးနေလို့ 
ကျွန်တော်တို့တွေ သိကြရတာပါ။ ဦးဝီရသူက အဲဒီလူတွေလောက် အတ္တစွဲနဲ့ 
ဗုဒ္ဓဘာသာဝင်မှ အပ ကျန်တဲ့သူကို မဟားတရားလုပ်ဖို့အထိတော့ မတိုက်တွန်းပါဘူး။ 
နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ၀ါးတားတားလုပ်ရင်တော့ တို့လူမျိုး တို့ဘာသာ
 အနေနဲ့ အခက်တွေ့ရချည်ရဲ့ဆိုတဲ့အတွေးကို အားလုံးရဲ့ခေါင်းထဲကို 
ရိုက်သွင်းပေးသူပါ။
တစ်ဆက်တည်းမှာပဲ အမျိုးသားရေး လှုံဆော်မှုတွေ 
ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ပိုင်း အမျိုးသားနိုင်ငံများ 
ရှင်သန်အားကောင်းခဲ့ကြပါတယ် ဆိုတာလေး ပြောချင်ပါတယ်။ အမျိုးသားရေး ဆိုတာကို
 “အီတလီ ပြည်၌ ထင်ရှားကျော်ကြားခဲ့သော မက်ဇီးနီ အမည်ရှိ 
မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးက အမျိုးသားစုဆိုသည်မှာ အတိတ်ရာဇ၀င်ချင်း 
တူညီပြီး တစ်မျိုးတည်းသော ဥပဒေဖြင့် အုပ်ချုပ်ခံရသည့် လူတစ်စု ဖြစ်သည်”ဟု 
ဖော်ပြထားတာရှိပါတယ်။ နောက်တစ်ခုက “စပင်ဂလာ အမည်ရှိ ပုဂ္ဂိုလ်ကြီးကမူ 
ဘာသာစကားချင်း မတူစေကာမူ အုပ်ချုပ်ပုံ တစ်မျိုးတစ်စား တည်း မဟုတ်စေကာမူ 
စိတ်ဓာတ်ချင်းတူသော လူတစ်စုဖြစ်က အမျိုးသားစု ဖြစ်သည်”ဟု ရှင်းပြခဲ့ပါတယ်။ 
အတိုင်းတိုင်းအပြည်ပြည်က အမျိုးသားရေးကို ဦးထိပ်ပန်ဆင်ပြီး 
လုပ်ကိုင်ဆောင်ရွက်နေကြတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေ၊
 အတိုက်အခံ ခေါင်းဆောင်တွေ ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေ 
အမျိုးသားရေး သွေးအေးလွန် ကြတာကို ပေါ်ပေါ်ထင်ထင်ပြောဆိုနေတာအတွက် ဆရာတော်ကို
 တလွဲကင်ပွန်းမတပ်ကြပါနဲ့လို့ တောင်းပန် တင်ပြခြင်း ဖြစ်ကြောင်းပါဗျာ။
နောင်တော်လေး (ဘိုကလေး)
__________________________________
Naung Taw Lay  ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
မီဒီယာသမားကလည်း မီဒီယာသမားအလုပ်ပေါ့ဗျာ။ လူမှုကွန်ယက်ဟစ်တိုင် ဆိုတဲ့ ဂျာနယ်က နေ ဖော်ပြလိုက်တဲ့ “မြန်မာတွေ အတုယူတတ်ဖို့ လိုတယ်” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး
ဆိုကရေးတီး၏ စကားတစ်ခွန်း
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။
အင်ဒိုနီးရှား, မလေးရှား , စင်ကာပူနိုင်ငံများကို မူဆလင်တို့ဝါးမျိုခြင်း
ခ-ပ ၂၃၂ မှ ၂၇၃ အထိ ထီးနန်းစိုးစံခဲ့တဲ့သီရိဓမ္မာသော
ကမင်းကြီးဟာ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့ရာ
သုဝဏ္ဏဘူမိဆိုတဲ့ဌာနတစ်ခုလဲပါဝင်ခဲ့ပါတယ်။
အိန္ဒိယပြည်နာလန္ဒာ
နိဗ္ဗာန် ဂုဏ်တော် လေး ပါး
နိဗ္ဗာန် ဂုဏ်တော်ပေါင်း မြောက်များစွာထဲက မှတ်သားစရာ အကောင်းဆုံး ဂုဏ်တော်ဖြစ်တဲ့ ခယံ ဝိရာဂံ အမတံ ပဏီတံ ဂုဏ်တော်လေးပါးကို ရတနာသုတ္တ မှာ ကျူးရင့်ထားတာကို စေတနာရှေ့ထားပြီး နိဗ္ဗာန် ဂုဏ်တော် လေး ပါးကို အကြယ် ရှင်းပြပေးပါအုန်းမယ်။