1. မဟာဗုဒ္ဓ၀င်

ဘုရားသိဖို့လို

ဗုဒ္ဓဘာသာဝင်တို့ရဲ့ တရားဓမ္မဆိုင်ရား အရင်းအကျဆုံး လမ်းညွှန်ဆရာဟာ ဘုရားပဲဖြစ်တယ်။ ဘုရားဟာ လောကအား လွတ်လပ်မှုကို ဖော်ထုတ်ပေးခဲ့တယ်။ လွတ်လပ်မှုကို လိုလားကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရဲ့ ဖော်ထုတ်ချက်တွေကို ဆည်းကပ်ကြရတယ်။ လွတ်လပ်မှုဖော်ထုတ်ချက်များဟာ ဆည်းကပ်သူများနှင့် အချိန်ကာလ နေရာဒေသနှင့် ဟောပြောသူ လူမျိုးအားဖြင့် အများကြီး ခြားခဲ့ပြီဖြစ်လို့ ဖော်ထုတ်ချက်ကို နားလည်နိုင်ရန် အတော်အတန်အထိ ပြည့်စုံအောင် လေ့လာရဖို့ရှိတယ်။ ဘုရားသက်ရှိထင်ရှားရှိစဉ်က တရားမြင်မှ သူ့ကိုမြင်မယ်လို့ ပြောခဲ့တယ်။ ဘုရား မရှိတာကြာပြီဖြစ်တဲ့ အခုအချိန်မှာ တရားသိဖို့က အခက်ဖြစ်နေခဲ့ပြီ။ တရားကို မှန်းကြည့်ပြီး သိနေခဲ့ရပြီ။ ဒီတော့ ဘုရားကိုလည်း မှန်းကြည့်ပြီးမှပဲ သိနေခဲ့ရပြီ။

ဘုရားပုံမှုန်ဝါးဝါး

ဒါကြောင့် ဘုရားပုံဟာ မှုန်ဝါးပြီး အမှားမှားအယွင်းယွင်း အချွတ်ချွတ် အချော်ချော်တွေ ဖြစ်ခဲ့ရပြီ ဖြစ်တယ်။ ဘုရားက ခေါင်းပေါ်မှာလည်းဆံထုံးကြီးနဲ့။ တချို့ဘုရားကျတော့ ဥသျှောင်တွေ၊ စလွယ်တွေ၊ လက်ကျပ်တွေ၊ ခါးစီးတွေ ၀တ်ထားလို့။ ဘုရားကိုယ်က ရောင်ခြည်တန်းတွေလည်း တ၀င်းဝင်း တလျှပ်လျှပ် ထွက်နေတယ်။ မြေလျှိုးမိုးပျံတွေလည်း ဘုရားကလုပ်လို့ရနေတယ်။ ဘုရား အရပ်အမောင်းကလည်း ဆယ့်ရှစ်တောင် ရှိတဲ့အထိဖြစ်တယ်။ ဘုရားဟာ တန်ခိုးမပြရဘူးဆိုတဲ့ သူချမှတ်တဲ့ စည်းကမ်းကို သူမလိုက်နာဘဲ တန်ခိုးပြပြီး နတ်ပြည်လည်းတက်အဘိဓမ္မာလည်း ဟောခဲ့တဲ့အထိ ရှိနေပြီ။ ဘုရားဟာ သတ္တ၀ါတွေကို ချွတ်လွှတ်ဖို့ရန် ခွေးတွေ၊၀က်တွေ၊နွားတွေလည်း ဖြစ်ခဲ့ဖူးတယ်။ သူတောင်းစား၊ အလုပ်သမား၊ မင်း၊ အမတ်တွေအဖြစ် တပြောင်းတပြန် ပြုလုပ်နေသူ ဖြစ်တယ်။ ဒီလို အစစတွေ ပေါင်းလိုက်ရင် ဘုရားဟာ သူသိဖူးတာနဲ့ ဆက်စပ်မရရင် ဘာသိလို့ ရမှာလဲ။

တရားမှုန်လို့ဘုရားမှုန်

ဘုရားဆီမှာ လူ့အသိနဲ့ ဆက်စပ်မရတာတွေ ရှိနေတယ်လို့ သိကြတာဟာ လူတွေတရားမှာ မှုန်ဝါးရာက ဖြစ်လာတဲ့ မှုန်ဝါးတဲ့ ဘုရားပုံတွေပဲဖြစ်တယ်။ ဒီနေ့တော့ ဒီပုံတွေက လူတွေကို လွှမ်းမိုးနေကြပြီ။ မှုန်ဝါးဝါး ဘုရားပုံတွေဟာ တရားလေ့လာသူတွေကို တရားအမှန်သိဖို့ရာ အနှောင့်အယှက်တွေ ဖြစ်စေလိမ့်မယ်။ မှုန်ဝါ၀ါး ဘုရားရဲ့ ဟောကြားချက်ဟာ မှုန်ဝါးဝါးတရားပဲဖြစ်နေမှာပဲ။ မှုန်ဝါးဝါးတရားက လူတွေကို လွတ်လပ်ရာဆီ ဘယ်လိုသယ်မှာလဲ။

တရားပြောဖို့ဘုရားမှန်လို

ဒါကြောင့်လူတွေလွတ်လပ်ဖို့အတွက် တရားကိုပြောရမှာ ဖြစ်ပေမယ့် မှုန်မှုန်ဝါးဝါး တရားပြောလို့မဖြစ်ဘူး။ မှုန်မှုန်ဝါးဝါး တရားမပြောရင် လူတွေသိနေကြတဲ့ မှုန်ဝါးဝါးဘုရားက ကန့်ကွက်လိမ့်မယ်။ ဒါကြောင့် ဘုရားမပြောခင် မှုန်မှုန်ဝါးဝါး မဟုတ်တဲ့ဘုရားကို လက်ဦး ပြောရမှာဖြစ်တယ်။

ဘုရားဆိုတဲ့ဝေါဟာရ

ဘုရားအကြောင်းပြောတဲ့အခါမှာ ဘုရားဆိုတဲ့ အခေါ်ကစပြီး ပြောရမယ်။ ဘုရားကို ဘုရားလို့ခေါ်တာဟာ မြန်မာတွေက ခေါ်တာပဲ။ ကျန်တဲ့ ဗုဒ္ဓဘာသာတွေက ဘုရားကို ဘုရားလို့ ဘယ်သူကမှ မခေါ်ကြဘူး။ ပါဠိအဘိဓာန်မှာ လာတဲ့ ဘုရားရဲ့ ပရိယာယ်တွေထဲမှာ ဘုရားဆိုတာ မပါပါဘူး။ ဗမာတွေဟာ ရှေးအခါက ဘုရင်တွေကို ဘုရားလို့ ခေါ်ခဲ့ကြတဲ့ပုံ ရှိတယ်။အဓိပ္ပာယ်ကတော့ ခေါင်းဆောင်ရှေ့သွား ဖြစ်သူလို့ ရမှာပါ။ ဘုရင်ဟာ သူတို့ရဲ့ ရှေ့သွားခေါင်းဆောင်ဆိုတော့ ဘုရင်ကို ဘုရား ခေါ်တာဟာ မသင့်မြတ်တာ မဟုတ်ဘူး။ ဘုရားဟာ ဘုရင်တွေရဲ့ ရှေ့သွားခေါင်းဆောင်ပင်ဖြစ်တာကြောင့် ဘုရားကိုလည်း ဘုရားလို့ပဲ ခေါ်တော့တာပေါ့။

ဒီဝေါဟာရဟာ ဟိန္ဒူတွေဆီကရကြတာထင်ပါတယ်။ ပုဂံကျောက်စာတွေထဲမှာ ဘုရားကို ဒီနေ့အသံနဲ့ ခေါ်တာ မဟုတ်ဘူး ။ ပုရှားလို့ခေါ်တယ်။ ပုရုရှက ပြောင်းလာတဲ့ စကား ဖြစ်တယ်။ ပုရှဟာ ပုရိသနှင့် အနက်တူသဒ္ဒါပဲ။ ပုရှက ဘုရားဖြစ်လာတယ်။ ဘုရားလက်ထက်က ဘုရားဝေါဟာရ ဘုရားလက်ထက်ကတော့ ဘုရားကို ရဟန်းတွေက သတ္ထာတို့ ဘဂ၀ါတို့နဲ့ ခေါ်ကြပုံရှိတယ်။ သာသနာပက ပုဂ္ဂိုလ်တွေကတော့ သမဏာဂေါတမလို့ခေါ်ကြတယ်။ ဒီနေ့ ကမ္ဘာအနှံ့ နှိင်ငံတကာကတော့ ဗုဒ္ဓတို့ သကျမုနိတို့ ခေါ်ကြတယ်လို့ သိရတယ်။

အကျဉ်းအားဖြင့်

၁။ မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊- ကြာသာပတေးနေ့ မိုးသောင်ယံတွင် သီရိမာယာဒေ၀ီ မိဖုရားကြီး၏၀မ်းကြာတိုက်သို့ မြတ်သော ဆင်ဖြူတော်သည် လက်ယာရစ်ပြီး နောင်လက်ယာနံပါးမှဝင်ရောင်ပြီး အိမ်မက်မြင်တော်မူရ်ျ အလောင်းတော်သိဒ္ဒတ္ထမင်းသား ပဋိသန္ဓေနေတော်မူသည်။




၂။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ် (ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည် အကြား) အင်ကြင်တောတွင် ဖွားမြင်တော်မူသည်။

၃။ မဟာသက္ကရာဇ် ၉၇-ခု၊၀ါဆိုလပြည့် တနင်္လာနေ့တွင် အလောင်းတော်မင်းသားသည် နိမိတ်ကြီး ၄-ပါး (သူအို၊ သူနာ၊ သူသေ၊ ရဟန်း) ကိုမြင်တော်မူရ်ျ တောထွက်ရန် အဓိဠာန် တော်မူသည်။








၎။ မဟာသက္ကရာဇ် ၁၀၃-ခု၊ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၊ မိုးသောင်ယံ တွင် အာသ၀ကဥာဏ်ကို ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

 

၅။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊စနေနေ့တွင် အလုပ်အကျွေး ပဉ္စ၀ဂ္ဂီ(၅-ဦးအဖွဲ့)ငါးဦးရှိရာ မိဂဒါဝုန်တောသို့ဝင်ပြီး ဓမ္မစကြာတရားဟောတော်မူသည်။

 

၆။ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့၊ သက်တော် (၈၀)၊ ၀ါတော် (၄၅) တွင်
အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ) အတွင်း ရဟန်းများ စုံညီစေရ်ျ ကစိ မ၀စနနောက်ဆုံး စကားမိန့်ကြားတော်မူပြီး အင်ကြင်းတောတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။


 

၇။ မဟာသက္ကရာဇ် ၁၄၈- ခု။ ကဆုန်လဆုတ် ၁၂-ရက်၊ ) သောနေ့တွင် အလောင်းတော် တေဇောဓာတ်သင့်တော်မူသည်။

အထက်ပါ Post ကို https://www.facebook.com/note.php?note_id=268728443171623 ကူးယူမျဝေသည်။ 

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ

 
 မူရင်း Website ကူးယူမျှ ဝေသည်၊
 
ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှီခိုးပါ၏



တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?

တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။
စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။


ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။


အောက်ကတော့ မူရင်းပိုစ့်တိုင်းပါပဲ့ စာလုံးဖောင့်တွေ ပြန်ညှိပေးထားတာကလွဲလို့ ကျန်တာ ပြင်ဆင်ထားတာ မရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
  
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
 
မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
 
ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ

ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ

အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း

အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း

အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း

အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ

နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။

ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ

အာဠာရ၊ဥဒကရသေ့နှစ်ဦးတို့၏ ဈာန်သမာပတ်များသည် မသေရာ အမြိုက်နိဗ္ဗါန်ကိုရောက်နိုင်သည်မဟုတ်ဟု သိမြင်တော်မူပြီး မိမိလန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင့်နိုင်ရန် ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် မှားယွင်းစွာ ကျင့်တော်မူပုံ













ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ


 
ဘုရားအလောင်းတော်ရဲ့ ချက်တော်မှ မြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ။ အရပ်လေးမျက်နှာမှ ပျံသန်းလာသော ညို၊နီ၊ရွှေရောင် ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ ဖြူဆွတ်သွားပုံ။ကိုယ်လုံးဖြူပြီး ဦခေါင်းမဲးသောပိုးရွများ ဒူးခေါင်းအထိ တက်လာကြပုံ။ မစင်အညစ်အကြေးများရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ လူးလည်းပေကျံမူ မရှိပုံတိုကို အိမ်မက် မြင်မက်တော်မူပုံ

ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ


 

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့်အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ

 
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင်တရားအလုံးစုံကိုအကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်
 

 မူရင်း Website ကူးယူမျှ ဝေသည်၊

မဟာဗုဒ္ဓဝင် ကိုအကြယ်ဖတ်လိုသူများ ကြီးသဲလေးထပ် ဆရာတော် ပြုစုတော်မူသော ဇိနတ္ထပကာသနီကျမ်း ကိုဒေါင်းလုပ် ယူ၍ဖတ်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်

 ဇိနတ္ထပကာသနီကျမ်း ဒေါင်းလုပ် ၁
ဇိနတ္ထပကာသနီကျမ်း ဒေါင်းလုပ် ၂  
ဤစာအုပ် နှစ်အုပ် မတူပါ။ 

No comments:

Post a Comment