3. ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ သိမှတ်စရာများ

 ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ တပိုင်းတစလေးတွေ၊ 







 မိခင်ဒေါ်စုအသက်ရှိစဉ်က အာဇာနည်သား၊မြေးလေးတွေနဲ့တွေ့ရစဉ်


(ဓါတ်ပုံရိုက်တဲ့ အဆောင်အယောင်တွေကိုကြည့်ကြပေတော့)



ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ တပိုင်းတစလေးတွေပါ၊

(ဗိုလ်ချုပ်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသည့် အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။
ဒုတိယဗိုလ်မှုးကြီးဘို က ဘာသာပြန်ဆို ပေးပြီး ဒီးဒုတ်ဦးဘချိုမှ ပြင်ဆင်သည် ဟုမှတ်သားရပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သဘောတူလက်ခံသည်။ "ကဗျာဆန်လိုက်တာ"ဟု
ဗိုလ်ချုပ်မှာဘာသာပြန်သူ ဗိုလ်မှုးကြီးဘို အား မှတ်ချက်ချပြောခဲ့သည် ဟု ဗိုလ်ချုပ်အောင်ဆန်း
အတ္ထုပ္ပတ္တိ စာအုပ်မှ ဖတ်ရှုရပါသည်။

နေရာယူ စာရှည်လွန်းသဖြင့် စာဖတ်သူတို့ အဆင်ပြေရန် စာသားတချို့ကို ချန်လှပ်ထားသည်မှအပ မူရင်း
အတိုင်းပြန်လည် ဖော်ပြလိုက်ပါသည်။)

--------------------------------------------
ထိုနေ့နံနက်ကား ဆောင်းအကူး လေရူးမှုံကြွ တပေါင်းလတည်းဟူသော မြန်မာ့ပြက္ခဒိန် အရ နောက်
ဆုံးလ၏ ဆန်းစ တရက်နေ့ နံနက် စောစောအာရုဏ်တက် အချိန်ပင်ဖြစ်၏။

ဘုန်းကြီးကျောင်းအနီး အရှေ့အနောက်ပြေး၍ အိမ်တတန်းနှင့် ဘေးတဘက်တချက် ကုက္ကိုပင်များ စီတန်း ပေါက်ရောက်နေသော လမ်းတလမ်း ခြားလျက်ကား၊ တရွာလုံးအနက် အကျယ်ဝန်းဆုံး ဟုဆိုအပ်သော ခြံကြီး တခြံရှိ၏။ ထိုခြံကြီး၏ ပတ်လည်လေးမျက်နှာကို လမ်းကြီးလေးသွယ် တို့က ညာဘယ်ရှေ့နောက် ၀န်းရံကာဆီး လျက် ရှိနေ၏။

ရှေးအခါက ဤခြံကြီးသည် ဤမြေဤလမ်း များအပြင် သည်ထက်ပင်ပို၍ ကျယ်ဝန်းသည် ဟု ဆိုကြ၏။ ဤမျှ ကြီးမားကျယ်ဝန်းလှသော နယ်အတွင်းတွင် အကိုင်းအလက်ဝေဆာလှသော မန်ကျည်းပင်ကြီး
နှစ်ပင်သည် အရှေ့ဘက်တပင်၊ အနောက်ဘက်တပင်၊ အပေါက်စောင့်များ အသွင် မတ်မတ်မား
မား ပေါက်ရောက်လျက် တဘက်တချက်တွင် မျဉ်းပြိုင်ပြေးလျက် ရှိသော လမ်းများကို ပင်ရိပ်မိုး၍
နေလေ၏။ ပြာရီညိုမှောင် လရောင်မဲ့သော ကောင်းကင်တွင် ထင်ပေါ်ပြီးလျှင်၊ ရွာတရွာလုံးတွင်
ရှေးအဆန်ဆုံး အကြီးဆုံး ဖြစ်သော အဆောက်အဦးကြီး တခုကို ထိုသစ်ပင်ကြီး နှစ်ပင်သည် မျက်နှာမူလျက် ရှိလေ၏။

ဤကြီးမားသော အဆောက်အဦကြီး ၏ အိမ်တိုင်များမှာ အနှစ်နှစ်၊ အလလ ဖို့တက်နေသော ဖုံထုကြီးဖြင့်ပိ၍ မြေအောက်သို့ မြုပ်လျက်ရှိလေပြီ။ မြို့စားရွာစား တို့ကောင်းစားကြသည့်မဝေးသေး

သော ရှေးခေတ်၏ လက်ငုတ်ဖြစ်သော ဤခမ်းနား ကြီးကျယ်သော အဆောက်အဦး ကိုမြင်ရသူ ဟူသမျှ သည် ထိုအိမ်ကြီး၏ မူလပိုင်ရှင်၏ အခြေအနေ၊ အတန်းအစား မြင့်ပုံ၊ ကြွယ်ဝ ချမ်းသာပုံ ကိုတွေးချင့်နိုင်
ပေမည်။

ယခုအခါမူကား ထိုကြီးကျယ် သော အဆောက်အဦးကြီး ၏ နောက်ဖေးဆောင် အခန်းတခန်း မှ မှိတ်တုတ်
မှိတ်တုတ်ဖြင့် တောက်နေသော ရေနံချေး မီးခွက်ကလေး မှ မီးရောင်ခြည် တန်းကလေးသည်၊ အပြင်သို့ ထရံကြားမှ ထိုးထွက်နေသည်ကို တွေ့မြင်ရပေမည်။ သို့တွေ့မြင်ရခြင်းမှာ ထိုမျှ အချိန်မတော်သည့် ညအခါ ၌ အိမ်တွင်းရှိ ယောင်္ကျား၊ မိန်းမ အားလုံးပင် ခါတိုင်းနှင့်မတူ အမူထူးခြားလျက် အလုပ်များနေကြသည့်
အခြင်းအရာ ကြောင့်ပင် ဖြစ်ပေသည်။ ရံဖန်ရံခါ အိမ်တွင်းမှ မိန်းမတယောက်၏ ညည်းသံကို ကြား
ရမည် ဖြစ်၏။


အချိန်ကား စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ စသည်ဖြင့် ကုန်လွန်ခဲ့လေပြီ။ နောက်ဆုံး၌ ကလေးတယောက်၏ ညံစာစာ ငိုသံများသည်၊ ထိုအချိန် အထိဆိတ်ငြိမ်စွာ အိပ်မောကျလျက် ရှိနေသော အိမ်နီးနားချင်းများဆီသို့ ပဲ့တင်ရိုက်သွားလေ၏။ ထိုနှစ်ကား ကောဇာသက္ကရာဇ် ၁၂ရ၆ ခုနှစ်ဖြစ်၏။ အင်္ဂလိပ် သက္ကရာဇ် နှင့်တွက်မည် ဆိုလျှင် ၁၉၁၅ ခုဖြစ်၏။ ပိုပြီးသေချာ စေလိုလျှင် ၁၉၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့ပင်ဖြစ်၏။

ဝေးမြေနယ်ခြား တိုင်းတပါး ဥရောပ၏ ဆီးနှင်းဖြိုက်ဖြိုက် ရေခဲပြင်တို့ ဖုံးအုပ်လွှမ်းတင်လျက် ရှိသော လွင်ပြင် တလင်းတို့၌ ကား၊ လူလူချင်း သတ်ဖြတ်နေကြသည့် တိုက်ပွဲခိုက်ပွဲများ၏ တိုက်သံခိုက်သံ ပစ်ခတ်သံဖြင့် တုန်ဟီးလျက် ရှိ၏။

သို့သော် ဤ ဌာန ဤဒေသတွင် ကား၊ ဘေးဘယာရန်မခဘဲ၊ ငြိမ်းချမ်းဧမြ သကဲ့သို့ရှိ၏။ "ငြိမ်းချမ်းဧမြ သည် ဆိုခြင်းမှာ အဟုတ်လော။ ထိုစဉ်အခါက ကောင်းကင်တွင် သွားနေသော နက္ခတ်တာရာ

ဂြိုလ်နေဂြိုလ်ထား တို့သည် ယခုပင် ဘွားမြင်သော ကလေးသူငယ်အား၊ ဧခြိမ်းချမ်းသာခြင်း ကိုအကယ်ပေးမည် ဟု အဟောထုတ်နိုင်ရန် ညွှန်ပြကြပါ၏လော" ကျွန်ုပ်တို့ စောင့်ကြည့်ကြစို့။

"မောင်ရင် ဖာရေ...ယောင်္ကျားကလေးတော့ .... နက္ခတ် ကြည့်ပြီး အချိန်တွက်လိုက်စမ်းပါ" ဟုခိုင်းသော အသံတသံသည် အိမ်ခန်းတွင်းမှ ထွက်ပေါ်လာလေသည်။ ထိုအသံမှာ ဧကန်မုချ ရွာကလက်သည် အဒေါ်ကြီး၏ အသံနှင့်တူ၏။ အပြင်၌ စောင့်နေသော ကိုရင်ဖာ သည် ကပြာကရာထတဲ့၍ ကောင်းကင်သို့ ပတ်ချာလှည့် မော့ကြည့်တော့ကာ ထွန်းတောက်နေသော နက္ခတ်တာရာ တို့၏ အနေအထားကို မှတ်သားလျက် အနီးဆုံး အချိန်ကို တွက်ချက်လေတော့ သည်။

သို့ဖြင့် ကိုရင်ဖာ သည် သူ၏ သား မွေးနေ့၊မွေးရက် အချိန်နာရီ တို့ကို ပေရွက်တရွက် တွင် ကညစ်နှင့်
ရေးသား၍ မှတ်သားလိုက်လေ၏။ ထိုအတောအတွင်း တဘက်ခန်းမှ အဘိုးဖြစ်သူသည်၊ ကလေး ၏ ငိုသံများကြောင့် အိပ်ရာမှ လန့်နိုးပြီးသော်၊ လက်သည် အဒေါ်ကြီး ၏ ပြောသံကြားသည့် အတိုင်း ၎င်း၏ အိပ်ရာထဲမှ တဦးတယောက် ကိုမျှ တိုက်ရိုက် ရည်ရွယ်ခြင်း မရှိသော အမေးမျိုးဖြင့် "အေး-အေး- ဒီကနေ့ဘာလဲဟေ့.၊စနေနေ့ မဟုတ်လား" ဟုအော်၍ မေးလိုက်လေ၏။

အဘိုးဖြစ်သူ မေးလိုက်သည့် အခါ၊ သမီး မီးနေသယ် ကို စောင့်ကြည့်ရင်း သမီးအခန်းတွင်းမှာ ရှိနေသည့် အဖွားဖြစ်သူက စနေနေ့ ဖြစ်ကြောင်း ပြောပြလိုက်လေ၏။ အဘိုးဖြစ်သူမှာ တခဏမျှ ငြိမ်သက်လျက် ရှိနေ၏။ ၎င်းသည် တခုခု ကို စိတ်တွက် တွက်လျက် ရှိ၏။ တွက်ပြီးသော အခါ "ကောင်းတယ်ဟေ့၊ စနေကလည်း စနေသား၊ ရာဇာကလဲ ရာဇာ့ဘွား၊ ဘယ်လောက်ထက်ပြီး ကြောက်စရာကောင်းမဲ့ ကလေးလဲတော့ မပြောတတ်ဘူး" ဟုပြောလေ၏။

ဤမွေးစ ကလေးကား ဦးဖာ-ဒေါ်စု တို့၏ နောက်ဆုံးဘွားသည့် သားထွေးကျွန်တော် ပင်တည်း။

----------------------------------------------------------------------------------------------------

ဂျပန်တို.ကို ချီးကျူးစရာကား ဂျပန်အများ အပြားသည် ကျွန်တော်၏ မျိုးချစ်စိတ်ကိုလေးစားလာ
ကြခြင်းပင် ဖြစ်သည်။ဗမာပြည်သို. စစ်သေနာပတိချုပ်အဖြစ် ပထမဆုံး ရောက်ရှိလာသူ ဗိုလ်ချုပ်အီဒါးက ဗမာပြည်ရှိ ဂျပန် တပ်မတော် တခုလုံးသည် ကျွန်တော်.ကို အချက်သုံးချက်ကြောင်. လေးစားကြသည်။

၎င်းအချက် သုံးချက်မှာ ----

(၁) ကျွန်တော်သည် ငွေမမက်၊

(၂)ကျွန်တော်သည် အာဏာကို မမက်၊

(၃) ကျွန်တော်သည် စည်းစိမ်ကို မမက်ခြင်းပင် ဖြစ်သည်ဟု ဒေါက်တာ ဘမော်ကို ပြောပြဘူးကြောင်း ဒေါက်တာဘမော်က ကျွန်တော်.အား ပြောပြဘူးပါသည်။

နောက်ဂျပန်တယောက်ကမူ ကျွန်တော်.မိတ်ဆွေများကို “အောင်ဆန်းက ဖြောင်.မတ်သည်၊ ဂျပန်တွေဟာ သူ.လိုဖြောင်.မတ်သည်.အခါ အဆင်ပြေသည်။ဂျပန်တွေဟာ သူ့လို မဖြောင့်မတ်သည့်အခါ သူဟာ အင်မတန်အန္တရာယ်ဖြစ်လာသည်။ ဆိုးတာက ဂျပန်ရဲ့ ၀ါဒဟာ ဖြောင့်မတ်ခြင်းမရှိတာဘဲ”ဟု

ပြောပြဘူးကြောင်းသိရသည်။

( စာမျက်နှာ - ၃၉ -ဘားမားချဲလင်.ခ်ျ )
==========================================
(သံဃာတော်များကို ဗိုလ်ချုပ်လျှောက်ထားတာင်းပန်ရှာ)

ကျွန်တော်တို့တိုင်းပြည်တွင် လူများစုကြီးကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာအကြောင်းကိုပြောရမည်
ဆိုလျှင်၊ အခြားဘာသာတရားများကို ထိခိုက်ရန်မဟုတ်သော်လည်း၊ ဗုဒ္ဓဘာသာသည်ရှေးပဝေ
ဏီမှစ၍ ဖြည့်စွက် ခဲ့ ကြသည့် သေးသိမ်ညံ့ဖျင်းသောပြင်ဆင်ဖြည့်စွက်ချက်များကိုသာ သန်.
စင်အောင် ဆောင်ရွက် နိုင်မည် ဆိုပါက ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော အဘိဓမ္မာတခု ဖြစ်လာနိုင်သည်. အလားအလာ များရှိလေသည်။

သို.ဖြစ်၍ ကျွန်တော်ဗုဒ္ဓဘာသာ၏ သံဃာတော်များကို တခုအထူးလျှောက်ထားလိုပါသည်။
သံဃာတော် အရှင်မြတ်များဘုရား…အရှင်မြတ်တို.သည် ကမ္ဘာပေါ်၌ အကြီးမားဆုံးသော ဘာသာ
တရားတခု၏ အမွေခံများ ဖြစ်တော်မူကြပါသည်။ ဗုဒ္ဓဘာသာ တရား တော်ကို သန်.စင်အောင်
ဆောင်ရွက်၍ ကမ္ဘာတ၀ှမ်း သာသနာပြုတော်မူကြပြီး မေတ္တာတရား၊ စေတနာတရား တို.ကို လူသား
တရပ်လုံးအား ကာလဆုံးအထိ ဟောကြားတော်မူကြပါ။

သံဃာတော်အရှင်မြတ်များဘုရား..၊တပည်.တော်တို.သည်အရှင်ဘုရားတို.အားမေတ္တာတရား၊ စေတနာ
တရားပွားများစေသူများ အဖြစ် အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်ပါမည်။

တပည်.တော်တို.သည် အရှင်ဘုရားတို. ဟောပြောသည်. မေတ္တာတရား၊ စေတနာတရားကို တမျိုးသားလုံးအတွက်သာမက ကမ္ဘာတ၀ှမ်းလုံးရှိ လူသားအားလုံးအတွက်ပါ လိုက်နာကျင်. သုံးပါမည်။

ဤတရားမျိုး တို.သည် သာလျှင်လည်း တပည်.တော်တို.တိုင်းပြည် ၌ ယနေ.အဘို. အလွန်လိုအပ်
နေသည် ဖြစ်သောကြောင်.၊ တပည်.တော်တို. စွမ်းအားရှိသမျှ အရှင်ဘုရားတို.အား ကူညီထောက်ပံ.ပါမည်။

သံဃာတော် အရှင်မြတ်များဘုရား… ကမ္ဘာ.သမိုင်းတွင်ပါဝင်ရန် အရှင်းဘုရားတို.တွင် ကြီးမားသော အခန်း ကဏ္ဏရှိပါသည်။ အရှင်ဘုရားတို. အောင်မြင်တော်မူပါလျှင် လူသားတရပ်လုံးက အရှင်ဘုရားတို.အား ခေတ် အဆက်ဆက် ကြည်ညို ကိုးကွယ်ကြပါလိမ်.မည်။

ဤသည်ပင်လျှင် အရှင်ဘုရားတို.၏ ဘာသာတရားက အရှင် ဘုရားတို.အတွက် ချမှတ်ထားသည်. တာဝန်ဖြစ်၍၊ အရှင်ဘုရားတို.၏ တိုင်းပြည်နှင်. လူမျိုးအတွက်လည်းဤ သို.သော “နိုင်ငံရေး” လုပ်ခြင်းသည် ပင်လျှင်၊ အမွန်မြတ်ဆုံးသော နိုင်ငံရေးလုပ်ခြင်း ဖြစ်ပါသည်ဘုရား။ ပြည်သူများအကြား ကြွသွားတော်မူကြ၍ ညီညွှတ်ခြင်းတရား၊ မေတ္တာတရားတို.ကို ဟောကြားတော်မူကြပါ။

တိုင်းပြည်တ၀ှမ်း- လှည်းနေ လှေအောင်း မြင်းစောင်းမကျန်- မွန်မြတ်သော လွတ်လပ်မှုအကြောင်း၊ ကိုးကွယ်မှု တွင် လွတ်လပ်ရေး၊ အချိန်မရွေး နေရာမရွေး တရားဓမ္မဟောကြားမှုတွင် လွတ်လပ်ရေး၊
ကြောက်ရွံ.နေရမှု အသိဥာဏ် ကင်းမဲ.နေရမှု-အယူသည်းမှု စသည်တို.မှ လွတ်လပ်ရေးအကြောင်းတို့
ကို ဟောကြားတော်မူ ကြပါ။

ပြည်သူများအား ကိုယ်.ကိုယ်ကို အားကိုးလာအောင်၊ စိတ်ရော ရုပ်ပါ ကိုယ်.ကိုယ်ကို ပြန်လည်ထူထောင် လာအောင်ဟောကြားတော်မူကြပါ၊
ဤတာဝန်များနှင်.အခြားမွန်မြတ်သောတာဝန်များအရှင်ဘုရားတို.ထံတွင်ကျန်ရှိပါသည်။
ဤတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်တော် မူနိုင်ကြပါမည်လော၊
အဖြေမှာ အရှင်ဘုရားတို.လက်တွင်သာရှိပါသည်။

( စာမျက်နှာ- ၇၇-ရ၈-ရ၉--ဘားမားချဲလင်.ခ်ျ )

-------------------------------------------

ကျွန်တော်တို.မှာ ဖေါက်ဖျက်ခြင်းငှါမရနိုင်သော တာဝန်တရပ်အဖြစ် ဆောင်ရွက်ရမည်.လုပ်ငန်းကို ကျွန်တော် တို့ မိဘ-ဘိုးဘွားများထံမှ အမွေခံရထားခဲ့ကြပါပြီ၊ ဤတာဝန်ကို ကျေပွန်အောင် ကျွန်တော်
တို့မည်သို. ဆောင်ရွက်ကြပါမည်နည်း။

ဤပု စ္ဆာကို မဖြေမီ အဖြေကို ရရှိနိုင်မည်. လမ်းညွှန်များကို ရှာရန်သင်.သည်ဟု ကျွန်တော်ထင်မြင်ပါသည်။ လူသားတရပ်လုံးအား ယနေ.ရင်ဆိုင်နေသည်. ပြဿနာရပ် များမှာ တဆက်တစပ်တည်းဖြစ်နေသော
ကြောင်.လည်းဖြစ်သည်။ ပုံသဏ္ဏာန်များ အမျိုးမျိုး ပြောင်းလဲနေသော ယနေ. ကမ္ဘာ၏ အခြေအနေမှာ ဤအတိုင်းဖြစ်နေသည်။

လူမျိုးစုံဝါဒနှင်. အမျိုးသားရေးဝါဒသည်၎င်း၊ စီးပွား ရေးနှင်. နိုင်ငံရေးသည်၎င်း၊နိုင်ငံရေးနှင်. လူမှုရေးသည်၎င်း၊ လူမှုရေးနှင်. ယဉ်ကျေးမှု ဘာသာတရား- ဓလေ.ထုံးစံတို.သည်၎င်း ရှုပ်ထွေးသော အခြင်းအရာတခု၏ သီးခြား အစိတ်အပိုင်းများသာဖြစ်ပေသည်။ ၄င်းတို.မှာလည်း တခုနှင်.တခု ဆက်စပ်လျက်ရှိပြီး အနှစ်သာရရော၊ပုံသဏ္ဏာန်ပါအမြဲတစေ ပြောင်းလဲနေပေသည်။

ကျွန်တော်တို.သည် အလုံပိတ်ထားသော အခန်းများထဲတွင် စားသောက်နေထိုင် တွေးခေါ်နေ၍ မဖြစ်ပါ။ ခေတ်ကာလနှင်. မကိုက်ညီတော.သော ပုံသေကားချ အယူအဆတို.ကို တရားသေ ကိုင်စွဲထား
၍ မရပါ။ ကျွန်တော်တို.တိုင်းပြည်မှာ ယနေ.အထိ လူ.ဘ၀နှင်. လူ.ဘောင်အကြောင်းကိုကောင်းစွာ

မသိသေးသူ အများအပြားရှိကြပါသေးသည်။အချို.သော သူတို.မှာ- သိလျက်နှင်.၄င်း၊ မသိ ၍၄င်း ညစ်ပတ်သော နိုင်ငံရေးကို ဆက်လုပ်လျက်ရှိကြပါသေးသည်။

သို.သော် နိုင်ငံ ရေးဆိုသည်မှာ တကယ်ပင် ညစ်ပတ်လေသလား၊မညစ်ပတ်ပါ။ နိုင်ငံရေးက ညစ်ပတ်သည်မဟုတ်၊ နိုင်ငံရေး ကို ညစ်ပတ်အောင် လုပ်နေသူများသည်သာ ညစ်ပတ်ခြင်းဖြစ်

ပါသည်။ နိုင်ငံရေးဆိုတာ ဘာလဲ- ကျွန်တော်တို. အနေနှင်. ပါဝင်ဆောင်ရွက်ခြင်းငှါ မအပ်သော၊ ကျွန်တော်တို.က တရိုတသေ- တအံ့တသြ မော့ ၍သာ ကြည့်နေရမည်ဖြစ်သော အခြင်းအရာလော။
သို.မဟုတ်-ကျွန်တော်တို.နိုင်ငံ ချောင်ကြို ချောင်ကြားတို.ကို လှည်.ပတ်သွားလာကာ ယုံလွယ်တတ်
သောပြည်သူအချို.ကို ညာဝါးနေကြသည်.သူများပြောသလို၊ပုံပြင်များ၊ ဒဏ္ဏာရီများ ပြောပြရုံမျှနှင့်
.အရာခပ်သိမ်း ပြီးငြိမ်းသည်ဆိုနိုင်သည်. အခြင်းအရာလော၊ ကျွန်တော်တို. မသွားအပ်၊ ရှောင်ရှားနိုင်က
ရှောင်ရှားအပ်သော အန္တရယ်ပြွမ်းသည်. နယ်မြေပင်လော။ ကျွန်တော်တို.တခါက ပြောခဲ့. ကြသလို
လူမျိုးရေး၊ ဘာသာရေး၊ စာပေးအရေးအသားမျှသာ ဖြစ်သလော။

သို.မဟုတ်- နိုင်ငံရေး ဆိုသည် မှာ ဘာလဲ၊ အမှန်မှာ နိုင်ငံရေးဆိုသည်မှာ အမြင်.တွင် ရှိသည်လည်းမဟုတ်၊ အနိမ်.တွင် ရှိသည်လည်းမဟုတ်၊ မျက်လှည်.လည်းမဟုတ်၊

ဗေဒင်ဟောခြင်းလည်းမဟုတ်၊ အဂ္ဂိရတ်ပညာလည်းမဟုတ်၊ မသွားအပ်သော အန္တရယ် ပြွမ်းသည်. နယ်မြေလည်းမဟုတ်၊ ကိုယ်.ကိုယ်ကို အထင်ကြီးနေသည်. အမျိုးသားရေး ကိစ္စလည်း မဟုတ်၊ နိုင်ငံရေးသည် အစဉ်သဖြင်. တိုးတက်ဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင်. ကိုက်ညီရမည်။ အတိုချုပ် ပြောရမည်ဆိုလျှင် နိုင်ငံရေးဆိုသည်မှာ ရဲဘော်တို.၏ ဘ၀ဖြစ်သည်။

အမှန်မှာ နိုင်ငံရေးဆိုသည်မှာ ရဲဘော်ပင်ဖြစ်သည်။ ရှေးပဝေဏီကပင် အရစ်စ်တိုတယ်လ် ပြောခဲ.သလို၊ ရဲဘော်သည်ပင် နိုင်ငံရေး သတ္တ၀ါ ဖြစ်သောကြောင်.ပင်၊ ရဲဘော်၏ စားရေး၊ အိပ်ရေး၊ နေရေး၊ အလုပ်လုပ်ရေးသည်ပင် နိုင်ငံရေးဖြစ်သည်။ ရဲဘော်နိုင်ငံရေးအကြောင်း စဉ်းစားချင်မှ စဉ်းစားမည်၊ သို.သော် နိုင်ငံရေးက ရဲဘော်အကြောင်းကို စဉ်းစားပေလိမ်.မည်။

ရဲဘော်က နိုင်ငံရေးကို ရှောင်ချင် ရှောင်ပေလိမ်.မည်၊ သို.သော် နိုင်ငံရေးက ရဲဘော်ကို အိမ်မှာ၎င်း၊ ရုံးမှာ၎င်း၊ အလုပ်ရုံမှာ၎င်း တွယ်ကပ်နေပေလိမ်.မည်။ နေ.စဉ်နှင်. အမျှ ရဲဘော်သည် နိုင်ငံရေးကို လုပ်နေရသည် ၊ ကိုင်တွယ်နေရသည်၊ ရုန်းကန်နေရသည်၊ အလုပ်သမားက လုပ်ခအတွက် အလုပ်လုပ်ရ

၍ လယ်သမားက စားသောက်နေထိုင်ရေးအတွက် လယ်ထွန်ကာ ၊ စားရေးစာချီ အရာရှိ အရာခံတို.က လစာအတွက် အလုပ်လုပ်ကြရကာ၊ ကုန်သည်ပွဲစားတို.မှာလည်း ငွေဝင်ကောင်းအောင် ရုန်းကန်နေ
ကြရသည်။ အသက်ရှင် နေထိုင်နိုင်ရေးဆိုသည်. ပြသနာပင်ဖြစ်သည်။
အလုပ်သမားက လုပ်ခများများလိုချင် ၍ ကောင်း ကောင်းနေချင်သည်။လယ်သမားက သူမြေနှင်.သူ.ဘ၀ တိုးတက်စေချင်သည်။ စာရေးစာချီ အရာရှိ အရာခံ တို.ကလည်း ပျင်းရီငြီးငွေ.ဖွယ်ကောင်းသော ရုံးလုပ်ငန်းမျိုးထက် ပိုမိုခိုင်မြဲမှု၊ ပိုမိုပြည်.စုံမှု ၊ ပိုမိုလွတ်လပ်မှု ကို လိုချင်သည်။

ကုန်သည်ပွဲစားတို.မှာ ကုန်သွယ်ရေးလုပ်ငန်းအတွက် သင်.တင်.မျှတသော အခွင်.အလမ်း များကို လိုချင်သည်။ ဤသို.အားဖြင်. ရဲဘော်မှာ အသက်ရှင်တည်နေရန်လိုသည်။ အသက်ရှင် တည်နေနိုင်ရေး အတွက် ရုပ်ဝတ္တု ပ စ္စည်းလိုသည်။ ဤသည်ပင် နိုင်ငံရေးဖြစ်သည်။ ဤ သည်ပင် ရဲဘော်၏ ဘ၀ဖြစ်၍ ရဲဘော်၏ ဘ၀ပြောင်းသလို၊ နိုင်ငံရေးကလည်း ပြောင်းလိုက်သည်။

ရဲဘော်တို. အသက်ရှင်နေနိုင်ရေး၊ ပိုမိုကောင်းမွန်စွာ နေနိုင်ရေးအတွက် လွတ်လပ်ရေးရှိရမည်။
နေနိုင်မှုအတွက် လွတ် လပ်ရေး၊ တဦးချင်းအလိုက် တမျိုးသားလုံးအလိုက် ဖန်တီးနိုင်မှု- ဖွံ.ဖြိုးအောင် ဆောင်ရွက်နိုင်မှုအတွက် လွတ် လပ်ရေး၊ အခြားသူ၏အခွင်.အရေးကို မထိခိုက်စေဘဲ ရဲဘော်တို. ကျွန်တော်တို.၏ အဆင်.အတန်း တိုးတက် နိုင်မှုအတွက် လွတ်လပ်ရေးရှိရမည်ဟု ကျွန်တော်တို. ပြောဆိုနေကြခြင်းဖြစ်သည်။ဤသည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။

သို.ဖြစ်၍ နိုင်ငံရေးဆိုသည်မှာ လူ.ကိစ္စပင်ဖြစ်သည်။ နိုင်ငံရေးသည် ညစ်ပတ်သည် မဟုတ်။နိုင်ငံ ရေးသည် အန္တရယ်ပြွမ်းသည်မဟုတ်။ နိုင်ငံရေးသည် ကျဉ်းမြောင်းသော အလုပ်မဟုတ်။ နိုင်ငံရေးသည် မျက်လှည်.လည်းမဟုတ်။ သဘာဝ၏ အထက်ကလည်းမဟုတ်။ နိုင်ငံရေးသည် နားလည်ရခက်သည်လည်း မဟုတ်။ သို.သော် အချို.သော ပညာရှိတို.က ဤသို.ဗျာဒိတ်တော် မချမှတ်ကြ။ သူတို.က နိုင်ငံရေးသည် ညစ်ပတ်သည်။ နိုင်ငံရေးသည် ဘာသာရေးဖြစ်သည် စသည်ဖြင်. တဆက်ထဲမှာပင် အမြီးအမောက်

မတည်. ပြောဆိုနေကြသည်။ နိုင်ငံရေးသည် ဘာသာရေးလား- မဟုတ်ပါ။

သို.သော် ညစ်ပတ်သော နိုင်ငံရေးသမားများ က ဤစကားကို ‘နိုင်ဖဲ’သဘောထားကာ သုံးစွဲနေကြသည်။ ဤနည်းအားဖြင်. ပြည်သူလူထု ခေါင်းရှုတ် ကုန်အောင်၊ တကဲ.ပြဿနာများ ဖုံးကွယ်သွားအောင် ကြိုးပမ်းလိုကြခြင်း ဖြစ်သည်။ သူတို.နည်းမှာ အချောင်သ မားတို.၏နည်းသားဖြစ်၍၊ နိုင်ငံရေးမဟုတ်။

ဘာသာရေးဆိုသည်မှာ ပုဂ္ဂိုလ်တဦးစီ၏ အသိတရားဖြစ်၍၊ နိုင်ငံရေးဆိုသည်မှာ လူမှုရေးသိပ္ပံဖြစ်သည်။ လူမှုရေးသိ ပ္ပံပညာတရပ်အနေနှင်. လူပုဂ္ဂိုလ်လိုက်သည် လွတ် လပ်စွာ ကိုးကွယ်နိုင်ခွင်. အပါအ၀င် အခြားအခွင်.အရေးများရှိကြောင်း၊ နိုင်ငံရေးက အသိအမှတ်ပြုရမည်။

သို.သော် ဤနေရာတွင်ပင် နိုင်ငံရေးနှင်. ဘာသာရေးကို စည်းခြားရမည်။ နိုင်ငံရေးနှင်. ဘာသာရေးသည် အတူတူမဟုတ်သောကြောင်.ပင်၊ ကျွန်တော်တို. ဘာသာရေးကို နိုင်ငံရေးနှင်. ရောထွေးပစ်ပါလျှင်၊ ဘာသာရေး ကိုပင် ဆန်.ကျင်ရာရောက်သည်။ အဘယ်ကြောင်.ဆိုသော် ဘာသာရေးဆိုသည်မှာ တမလွန်ဘ၀ အကျိုးအတွက် သည်ပိုးရွက်ဆောင်ခြင်းသာဖြစ်၍၊ နိုင်ငံရေးအသိုင်းအ၀ိုင်းဖြစ်သော မျက်မှောက်ဘ၀အရေးတို. နှင်. သာမန်အားဖြင်. မသက်ဆိုင်။ နိုင်ငံရေး ဆိုသည်မှာကား ပုထုဇဉ်တို.၏ သိပ္ပံပညာရပ်ဖြစ်သည်။

( စာမျက်နှာ- ၇၁-၇၂-၇၃-၇၄-၇၅ -- ဘားမားချဲလင်.ခ်ျ )

ဗိုလ်ချုပ်အောင်ဆန်း၏ ဘားမားချဲလင်.ခ်ျ ( ၁၉၄၆ )

မြန်မာပြန်-- မြစိန်

ဒုတိယအကြိမ် ၊ ၁၉၆၈ ခု ၊ ဇွန်လ။
တသက်တာ စာပေတိုက် ထုတ်စာအုပ်မှ ကောင်နှုတ်တင်ပြပါသည်။
( ဒေါက်တာရာဟုလာ၊နှင့်အဖွဲ့ကတင်ပြသည်)

http://www.anantametta.org/2012/02/blog-post_9909.html  မူရင်း Link မှကူးယူမျှဝေသည်

No comments:

Post a Comment