Sunday 23 June 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်





နေပြည်တော် ဇွန် ၂၃
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါးအား ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊  ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊  ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။


Monday 17 June 2013

၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေကို တလုံးတပါဒမျှ ပြင်စရာ မလို




ကျွန်တော်ကမေးလို့ ဝန်ကြီးဦးခင်ရီက အခုလို ဖြေတာ

အမေရိကပြည်ထောင်စု နယူးယောက်မှာ မြန်မာနိုင်ငံအစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း-လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန ၀န်ကြီးဦးခင်ရီ-မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဦးကျော်တင့် နဲ့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ က-၂၂-၄-၂၀၁၃- နေ့ မှာ မြန်မာမိသားစုတွေနဲ့  တွေ့ ဆုံ ပွဲပြုလုပ်ခဲ့ ပါတယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ကျွန်တော်က ခုလို စတင်မိတ်ဆက် စကားပြောခဲ့ ပါတယ် ။


Friday 14 June 2013

အနာဂတ်သာသနာေ၇းရာမှား

+
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့၌ ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ 

6.14.1
ဒေါက်တာအရှင်ဓမ္မပိယ၊ ဓမ္မဒူတအရှင်ဆေကိန္ဒနှင့် သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့၌ ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အခမ်းအနားကို နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး ဗန်းမော်ကျောင်းတိုက် ဆရာတော်နှင့် မလေးရှားနိုင်ငံ ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သံဃာတော် ၂၂၇ ပါးတို့ တက်ရောက်ဆွေးနွေးခဲ့သည်။
နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အခမ်းအနား အပြီးတွင် အချက်ငါးချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု ခံထားသည့် အားလျော်စွာ

မိကျောင်းကန် အပိုင်း (၁) (၂) ပြ၁ဿနာ


မိကျောင်းကန် အပိုင်း (၁) (၂) ရှိ တပ်မတော်က သိမ်းထားသည့် မြေပေါ်မှ နေအိမ် ၂၀၀ ကျော်ကို အင်အားသုံး ဖယ်ရှားခဲ့သည့်အပေါ် ရှင်းလင်း
6.14.18

မိကျောင်းကန်အပိုင်း(၁)(၂)ရှိ နေအိမ်များ ဖယ်ရှားခံရသူ တစ်ဦးကို တွေ့ရစဉ်


သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁)နှင့်(၂) တပ်ပိုင်မြေပေါ်တွင် နေထိုင်သော နေအိမ် ၂၀၀ ကျော်အား ဇွန် ၁၃ ရက် နံနက် ၆ နာရီ အချိန်ခန့်မှစ၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့မှ အင်အားသုံး ဖယ်ရှားဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ဇွန် ၁၄ ရက် ညနေ ၅ နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖယ်ရှားရှင်းလင်း ခံရသည့် မြေနေရာများအား မည်သို့ အသုံးချမည် ဆိုသည်နှင့် ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ယခုတက်ရောက်လာသည့် သူများ၏ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း၊ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့၏ ကြီးကြပ်ရေးမှူး အထက်နှင့် လူကြီးများသာ သိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူးကလည်း ၀န်ကြီးချုပ် ပြောသကဲ့သို့ ၎င်းအနေနှင့် မသိရှိပါကြောင်း ဖြေကြားခဲ့သည်။

အနာဂတ်ရေး အာတွေဖြစ်လာနိုင်လဲ

သမ္မတရာထူးသတ်မှတ်ချက် အာဏာသုံးပြီးပြင်လို့မရဟု ဦးသိန်းစိန်ပြောကြား





မြန်မာသမ္မတရာထူးအတွက်သတ်မှတ်ထားတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်နိုင်အောင်

မိမိရဲ့သြဇာအာဏာကို အသုံးပြုပေးဖို့ မဖြစ်နိုင်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ကြောင်း

သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့လာမယ့်

၂၀၁၅ ရွှေးကောက်ပွဲမှာ သမ္မတတာဝန်ထမ်းဆောင်ချင်တဲ့အတွက် လက်ရှိ အခြေခံ ဥပဒေပါ ပြဌာန်း ချက်ကိုပြင်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့ရက်က ထပ်မံပြောဆိုလိုက်တဲ့အတွက် သြစတေးလျနိုင်ငံ အခြေစိုက်

ABC ရုပ်သံဌာနနဲ့ သီးခြားတွေဆုံမေးမြန်းရာမှာ သမ္မတဦးသိန်းစိန်က ခုလိုပြောလိုက်တာပါ။



+

Mentions in Blogger

To use this feature, you first need to upgrade your Blogger profile to a Google+ profile.
Mentioning someone is an effective way to let them know that you're referring to them in your blog post. You can mention a person, or a Google+ page, even if they don't follow you. Depending on how they've configured their Google+ settings, they might receive a notification about your mention after you publish the post.

How to mention others

To use this feature, just type "+" or "@" followed by the name or page. As you’re typing, you'll see a list of names appear below. You can click to select the person or page that you'd like to mention.
If you've configured your settings to share your blog posts to Google+, you'll see that the names of the people you've mentioned in your post will be automatically added to the share box.
Related: Learn more about mentions in Google