Tuesday 18 November 2014
ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် ကျနော်၏ အတွေးအမြင်များ
ဒီနေ့ ခေတ် Media တွေအရန်းခေတ်ကောင်းနေပေမဲ့ လဲ ထေရဝါဒ ဆိုတာဘာလို့ ခေတ်ကာလ ကလေးတွေ နားလည်အောင် ရှင်းပြထားတာတွေကလည်း အားနည်းပါတယ်။ ဝက်ဆိုဒ် တွေထဲဝင်ကြည့်တော့လည်း ထေရဝါဒ ကို သူတို့ အမြင်နဲ့ သူတို့ ရေးနေကြတာတွေ့ ရတယ်။ Facebook ဆိုတာကတော့ ပြောမနေနဲ့ တော့ တကယ့်ကို လူ့ ပေါက်လွှတ်ပဲစား တွေ အချိန်ဖြုန်းတဲ့ နေရာတစ်ခုလိုကို ဖြစ်နေတော့တာဘဲ။ ကျနော် ဟိုးတုန်းက Facebook ကို မသုံးဘူး မနှစ်ကစ သုံးမိတယ် ခု အကောင့်တွေပြန်ဖျက်ပြစ်နေပြီ။ ဝက်ဆိုဒ်တစ်ခုထဲမှာ " ကျွန်တော်သိသော ထေရဝါဒ ဗုဒ္ဓဘာသာ" ခေါင်းစဉ်လေးမြင်လို့ ဝင်ဖတ်ကြည့်တော့လဲ ကုလား တွေက ထင်ရာမြင်ရာပြောတာတွေကို ရှောက်ဖြေရှင် ထားတာတွေ့ ရတယ်။ ကုလားမှ မဟုပ်ပါဘူး မြန်မာ ဗုဒ္ဓဘာ သာတွေလဲ ကို့ ဘာသာ အကြောင်း ကို ကောင်းကောင်းမသိကြပါဘူး ဒါကလဲ မဆန်းပါဘူး ဘုရားရှင်ကိုတော်တိုင် ဟောပြောခဲ့တာဘဲ လူတွေဟာ အဝိဇ္ဇာ နဲ့  တဏှာ ကိုအရင်းခံပြီးနေတာပါတဲ့၊ အမှန်ကို မသိပါဘူးတဲ့ လိုချင်နေမယ် တက်မက်နေမယ်တဲ့ ၊ ဒီတော့ မသိတာ မဆန်းဘူး ကျနော်တို့  ဗုဒ္ဓဘာသာ စစ်စစ် တွေတောင် ကို့ ဘာသာ အကြောင်း ကို ခရေစေ့တွင်းကျ မသိမှ တော့ ဘာသာခြား ကုလား တွေ မသိတာ မဆန်းပါဘူး။ ဘုရားဟောထားတာ ရှင်းနေတာဘဲ မသိမှု အဝိဇ္ဇာ ကြောင့် ခန္ဓာငါးပါး ဓာတ် ခြောက်ပါး ကို ငါလို့ ထင်နေတာ ကုလား တစ်ရုပ် မြန်မာ ဘယ်လူမျိုးမှ အမှန်ကို မသိကြ မမြင်ကြပါဘူး။ သင် ကိုယ်တိုင်ရော ကျနောရော အမှန်ကိုသိသွားရင် အောက်ထင့်တော့ သောတပန်တည်နေကြပြီပေါ့ဗျာ၊ စာပေအလင်း မှာရေးထားတဲ့ ကျနော်သိသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုသွားဖတ်ကြည့်ကြပါ   သူသိတာကို သူရေးထားတာ ထေရဝါဒ ဗုဒ္ဓဘာသာ ဆိုတဲ့ မူရင်း ပုဒ်ရဲ့ အနှစ်သာရ အဓိပ္ပာယ် မပါပေမဲ့ ဗုဒ္ဓာသာသာဝင်တွေ သိထားဘို့ ကောင်းတာလေးတွေမို့  သွားရောက်ဖတ်စေခြင်ပါတယ်။ နောက်ထပ် ဝက်ဆိုဒ်တစ်ခုမှာ အကျဉ်းမျှ ဖေါ်ပြပေးထားတာကိုလည်း သွားရောက်လေ့လာကြပါ အဲဒီ ဆိုဒ်ကတော့ မဟာကံ့ကော်မြိုင် ဆရာတော်ဦးသြသဓ ဆိုတဲ့ဆိုဒ်ဘဲဖြစ်ပါတယ်။ ဒီဆိုဒ်မှာတော့ မူရင်းအဓိပ္ပာယ်ကို ရေးရေးမျှ မြင်စေပါတယ်။ နောက်ထပ် ဆိုဒ်တစ်ခုမှာတော့ အတော်လေးကို ပြည့်စုံပါ တယ် ဒီဆိုဒ်ကတော့ “ထေရဝါဒ ဗုဒ္ဓဘာသာ” (အရှင်ဧသိက-ရေစကြို) ဆိုတဲ့ဝက်ဆိုဒ်ဖြစ်ပါတယ် သွားရောက်ဖတ်လိုသူများ “ထေရဝါဒ ဗုဒ္ဓဘာသာ” (အရှင်ဧသိက-ရေစကြို) မှာကလစ်နှိပ်ပြီးဝင်ကြပါ။
ဒီနေ့ ဟာ ဆိုရင် သာသနာသက္ကရဇ် ၂၅၅၈ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်နေ့  ဗုဒ္ဓဟူး နေ့ ပါ၊ ဒီတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု သွားတာ အနှစ် ၂၅၅၈ နှစ်ရှိသွားပြီပေါ့။ ဒီတော့ ထေရဝါဒ ဗုဒ္ဓ ဘာသာ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတာကို စပြောချင်ရင် မြတ်စွာဘုရား ပရိတ်နိဗ္ဗာန်ပြု တာကနေစပြောမှ ပိုပြည့်စုံမှာပေါ့။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော့ မဟာသက္ကရဇ် ၁၄၈ ခု ( BC 544 ) ကဆုန်လပြည့် အင်္ဂါနေ့  ကုသိနာရုံပြည် အင်ကြင်းဥယဉ်မှာ ပရိနိဗ္ဗာန်ပြု ခဲ့တာပါ၊ ဒီအချိန် မြန်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့ အရှင်မဟာကသပ ကိုတော်ကြီးဟာ  မြန်စွားဘုရားနှင့် အတူရှိမနေပါဘူး အရှင်မဟာကသပ ဟာ ပါဝါပြည်ကိုရောက်နေခိုက်ဖြစ်ပါတယ်၊ မြတ်စွာဘုရားကို ဖူးမြင်ရန်  ပါဝါပြည်ကနေ ရဟန်း ၅၀၀ နှင့်အတူ ကုသိနာရုံ ကို လာခဲ့ရပါတယ်။ ခရီးအလာ လမ်းခုလပ်တနေရာမှာ ရာသီဥတု ပူလို့ သစ်အောက်မှာ နားခိုနေခိုက်မှာ အာဇိဝက တက္ကတွန်း တစ်ယောက် သည် ကုသိနာရုံ မှ ပါဝါသို့  ပြန်အလာ လမ်းမှာ အရှင်မဟာကသပ တို့ နားခိုနေသော သစ်ပင်အနည်းသို့ ရောက်လာ၏ ထိုအခါ ရှင်မဟာကသပ က ထို တက္ကတွန်းအား သတင်းမေးမြန်းရာ မြန်စွာဘုရား " ဘုရားရှင် ပရိနိဗ္ဗာန် ပြုသွားပြီဖြစ်ကြောင်း " လျောက်ထားလေသည်၊ ထိုသတင်းကိုကြားတော့ အရိယာမဖြစ်သေးတဲ့ ရဟန်းများဟာ ငိုကြွေးကြတာပေါ့ ဒီအထဲမှာ သုဘဒ် အမည်ရှိတဲ့ ရဟန်းကတော့ မငိုဘူး သူက တစ်ခြားသော ရဟန်းတွေကို မငိုကြဘို့  ဒီလိုပြောပါတယ် " ငါ့ရှင်တို့  ဘာလို့ ငိုကြွေးနေကြတာလဲ၊ ငါတို့ ဟာ ခု ရဟန်းကြီး ဂေါတမ လက်ကလွပ်ပြီ ရဟန်းဂေါတမ ရှိနေလျှင် ငါတို့ သည် လုပ်ချင်ရာကို လုပ်လို့ မရ ပြုလုပ်မိပါကလည်း အာပတ်သင့်စေ ဟု ဥပဒေပညာတ်ချက်တွေနဲ့ တားဆည်း၏၊ ခုငါတို့ ပြုချင်တာ ပြု လို့ ရပေပြီ၊ ငါတို့ ရဟန်းဂေါတမ လက်မှ လွပ်ပြီ " ပြောဆိုနှစ်သိပ်ပေ၏ ထိုစကားကိုကြားသော အရှင်မဟာကသပ သည် ဤသို့ ကြားသော် ယ္ခု ပင်လျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန် ခါရှိသေးသည် ဤသို့ သောစကားကို ပြောဆိုကြပေပြီဟု နောင်ဆိုလျှင်ဒီလို ရဟန်းမျိုးတွေ တိုးပွားလာပါက အဓမ္မမှု များတွင်ကျယ်လာတော့မည်ကို တွေးမိပြီး ဘုရားရှင်၏တရားတော်များကို သံဃာယနာ တင်ထားကာမှ တော်ရုံကြလိမ္မည်ဟု အတွေးဖြစ်တော်မူခဲ့၏၊
   မြတ်စွာဘုရားရှင်၏ တေဇောဓာတ်လောင်ကျွမ်းခြင်း၊ ဓာတ်တော်ဝေခြင်းအမှု များပြီးသောအခါ အရှင်မဟာကသပ သည် သံဃာများကို စုဝေးစေရာ ထိုအချိန်က သံဃာ ရှစ်သိမ်းကျော်ရှိခဲ့သည်ဟုသိရသည်၊ ရှင်မဟာကသပ သည် ထိုသံဃာတော်တို့ အား သုဘဒ် ကဲ့သို့ သောရဟန်းကြောင် သာသနာဆုပ်ယုပ် နိုင်သောအရေးကိုမြင်သောကြောင့်
မသူတော်တရားမပြန့် ပွားမီ
သူတော်ကောင်းတရား မပျောက် ပျက်မီ
အလဇ္ဇီတို့  ဝိနည်းတရား မပျက်ပြားမီ
အဓမ္မဝါဒီတို့  အင်အား မကောင်းမီ
ဓမ္မဝါဒိတို့  အားမနည်းမီ
 သာသနာအရှည်တည်ရေးကို ဆွေးနွေးတိုင်ပင်ပြီး မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရားတော်များကို သုတ် ဝိနည်း အဘိဓမ္မာ တို့ အား သံဃာယနာ တင်ထားရင်ကောင်းလေစွဟု မိတ်မှာတော်မူလေသည်။ ထို့ ကြောင့် ရဟန်းတော်တို့ ၏ သဘောတူညီမှု ဖြစ် သံဃာယနာ တင်ရန်ဆွေးနွေးတိုင်ပင်ကြရာ အရိယာမဖြစ်သေးသော်လဲ သုတ် ဝိနည်း အဘိဓမ္မာကို အာဂုဏ်ဆောင်ဖြစ်သော အရှင်အာနန္ဒာ အပါအဝင် ပဋ္ဋိသမ္ဘိဒါပတ္တရဟန္တာ ၄၉၉ ပါးကိုရွေးထုပ်ပြီး သံဃာယနာ တင်ရန်ပြင်ဆင်ခဲ့လေသည်။ (  ဒီနေရာမှာ တစ်ခု မှတ်သားစရာကောင်းတာက ဒီအစည်းဝေးကြီးကစပြီး Democracy ဆိုတာကို ဗုဒ္ဓဝါဒက စတင်ကျင့်သုံးထားတာကို မြန်မာပြည်သူများ သတိပြုသင့်လှပေသည် ) ထိုကဲ့သို့  သံဃာယနာတင်နိုင်ရေးကို အထောင့်ပန့် ပေးနိုင်မည့် မင်းအားကြည့်ရာတွင် အဇာတသတ် မင်းကိုသာမြင်သဖြင့် ထိုမင်းရှိရာ ရာဇဂြို ဟ် သို့  ကြွသွားကြလေသည်။ အဇာတသတ်မင်း၏ အထောင့်အပန့် ဖြင့် ရဟန္တာ ၅၀၀ ဝါဆိုလောက်သော ကျောင်းများကို ပြု ပြင်စေပြီး ရာဇဂြို ဟ်ပြည် ဝေဘာရ တောင်စောင်းရှိ သတ္တပဏ္ဏိ လှိုင်ဂူဝ တွင် ပထမအကြိမ် သံဃာယနာ ကို တင်တော်မူခဲ့လေ သည်။ ထိုသို့  သံဃာယနာ တင်ရာတွင် အရှင်မဟာကသပ ၏ မူ သုံးချက်ကို ရဟန္တာအရှင်မြတ်တို့ အား သိစေသည်။ ထိုမူမှာ စုစုပေါင်း ချက် ရှိသည်ဟု သီတဂူဆရာတော်၏ တရားမှာနာကြားဖူးသော်လည်း အရေးကြီးသော လေး ချက်ကိုသာ ပြောပြထားသည် ၎င်းတို့ မှာ
(တစ်) မြတ်စွာဘုရားဟော သည့် တရား ကို ဟောသည့် အတိုင်းသာ တင်ပြရန်။
(နှစ်) ဘုရား မဟောသည် များကိုလည်း မဖြည့်စွက်ရန် (ဖြည့်စွက်မတင်သင်းရန်) ။
(သုံး) ဘုရားဟောထားသော တရားတော်များထဲမှ လဲ ထုပ်လား နှုပ်လား မပြု လုပ်ကြရန်။ ( လိုတိုးပိုလျှော့ မလုပ်ရန် )
(လေး) ဘုရားဟောသည်ကို ဟောသည့်အတိုင်းသား ကျင့်ကြံ လိုက်နာကြရန်တို့ ဖြစ်သည်။
ထိုမူလေး ချက် သည် အရှင်မဟာကသပ ၏ မူဖြစ်ပေသည်။ ထိုသံဃာယနာ အစည်းဝေးကြီး၏ အကြီးအမှူးသည် အရှင်မဟာကသပ ဖြစ်ပြီး အရှင်ဗာကုလ၊ အရှင်အနုရုဒ္ဓာ၊ အရှင်ဥပါလိ နှင့် အရှင်အာနန္ဒာ  တို့ က အတွင်းရေးမှုးများသဖွယ် ဆောင်ရွက်တော်မူခဲ့သောဤပွဲကို မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု အပြီး လ အကြာတွင် ကျင်းပသော ပထမဆုံးအကြိမ် သံဃာ့ အစည်းအဝေးကြီးလဲ ဖြစ်သလို ကျနော်တို့ နားလည်ထားသော ပထမသံဃာယနာ တင်ပွဲကြီးလဲဖြစ်ပါတယ်။ ဒီပွဲကို မဟာသက္ကရဇ် ၁၄၈ ဝါခေါင်လပြည့် ( လဆုပ် ရက်ဟုလည်းဆို၏ ) မှာ ကျင်းပပြု လုပ်ခဲ့ရာ ပထမသံဂီတိနာယက ပုစ္ဆက ( အမေးပုဂ္ဂိုလ် ) အဖြစ် အရှင်မဟာကသပ ကဆောင်ရွက်ပြီး ဝိနည်းပိဋ္ဋကတော် ကို မြတ်စွာဘုရားရှိစဉ်ကပင် ဧတဒဂ်ထားခဲ့သော အရှင်ဥပါလိမထေရ်က ဝိဿ      ဇ္ဇက ( အဖြေပုဂ္ဂို လ် ) အဖြစ်ဆောင်ရွက်တော်မူပြီး အရှင်အာနန္ဒာသည် ပိဋ္ဋကသုံးပုံလုံးကို အာဂုဏ်ဆောင်နိုင်သော်လဲ မြတ်စွာဘုရားရှင်ကိုတိုင် ဧတဒဂ်ထားတော်မူသော အရှင်ဥပါလိကိုသာ လေးစားသောအားဖြစ် ဖြေစေခြင်းဖြစ်သည်။ သုတ္တန် နှင့် အဘိဓမ္မာ နှစ်ပုံကိုသာ အရှင်အာနန္ဒာမထေရ် ကို  ဝိဿ      ဇ္ဇက ( အဖြေပုဂ္ဂို လ် ) အဖြစ်ဆောင်ရွက်တော်မူစေသည်။ ထို သံဃာယနာတင်ပွဲသည် လ ကြာမြင့်ပေသည်။ ထိုသို့  လ ကြာပြီးနောက် မှ ပေါ်ပေါက်လာရသော ထိုမထေရ်ကြီး များရဲ့ မူကို ထေရဝါဒ မူဟုဆိုပေသည်။ ထို ထေရ ဟူသောပုဒ်သည် "ထိရပ်" မှလာသောပုဒ်ဖြစ်ပေသည် ထို "ထိရပ်" ဆိုသောပုဒ်၏ အနက်သည် ခိုင်သော မာသော မြဲသော ဟူသည့် အဓိပ္ပာယ်ထွက်ပေသည် အဘယ်ကဲ့သို့  ခိုင် သနည်း အဘယ် ကဲ့သို့  မာသနည်း အဘယ်ကဲ့သို့ မြဲ သနည်းဟူ မူကား ပဋ္ဋိယတ် ပဋ္ဋိပါတ် ကဋ္ဋိဝေဒ ဟူသော သာသနာတော်သုံးရပ်အပေါ်မှာ ခိုင်မြဲစွာရပ်တည်သော ခိုင်မာစွာရပ်တည်ထားသည် ဟူသော အနက်ကိုဖွင့်ဆိုပေ၏ ထိုကဲ့သို့  ပဋ္ဋိယတ် ပဋ္ဋိပါတ် ကဋ္ဋိဝေဒ ဆိုသောသာသနာတော် အပေါ် ခိုင်မြဲစွာ ခိုင်မာစွာ ရပ်တည်နေသော ပုဂ္ဂိုလ် တို့ ကို ထိရပ် ပုဂ္ဂို လ်ဟု ဆိုရပေသည်။ ထို ထိရပ်ပုဂ္ဂို လ်တို့ ချ မှတ်ခဲ့သော မူကို ထေရဝါဒ မူ ဟူ၍ခေါ်ပေသည် ထိုထေရ ခေါ်  ထိရပ် ပုဂ္ဂို လ်တို့  က ဘုရား၏တရားတော်များကို စနစ်တကြ စုပြီး ဘုရား၏ အလို အတိုင်းဟောပြော ကျင့်ကြံနေထိုင်ပြီး ထို ပုဂ္ဂို လ် တို့ ကဟောကြားသော ဗုဒ္ဓ၏တရားတော်များကို ထေရဝါဒ ဗုဓ္ဓတရားတော်များဖြစ်ပြီး ထိုမထေရ်ကြီးများ၏ မူကိုလိုက်နာကျင့်ကြံသူမှန် သမျှ ကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဟု ဆိုပေသည်။ ထိုပထမအကြီမ် သံဃာယနာတင်ပွဲကို BC 487 သို့ မဟုပ် 485 ဟုဆိုပြီး BC 544 ကိုအတည်ပြု ထားကြပေသည်။ ကျ နော်၏ အတွေး အမြင်တို့ တွင် ထို သက္ကရဇ်များသည် အရေးမပါလှ ဘုရား၏တရားတော်များ အနှစ်သာရ လုံးဝစိုးစဉ်မျှ မပြက်ရေးသည်သာ အဓိကကျ ပေသည်။ အကြယ်တဝင့်သိလိုသူများ အထက်မှာ ကျနော်ညွန်ထားသော “ထေရဝါဒ ဗုဒ္ဓဘာသာ” (အရှင်ဧသိက-ရေစကြို)   ၏ ဝက်ဆိုဒ်မှာသွားရောက်လေ့လာကြပါ။ ထေရဝါဒ ဆိုတာ ဘာလဲ လို့  စတင်အသိဖွင့်ပေးခဲ့သော သီတဂူဆရာတော်ဘုရားကြီး ဦးဥာဏိဿ      ရ အား ဤ Post ဖြင့်ရှင်ခိုးပါ၏ဘုရား။
ထေရဝါဒ ဆိုတာ ဘာလဲ လို့ ပြောအပြီးမှာ ကျ နော့အတွေး အမြင်များကို ပြောပြလိုပါသေးသည်၊ ဒီနေ့  နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ ဆရာတော်သံဃာ တော်များအပေါ် မှာရော အခြားအခြားသော မည်သည့် သံဃာတော်ကို မဆို တပည့်တော် ရှင်ခိုး ပါ၏ ကိုးကွယ်ပါ၏ ဆီးကပ်ပါ၏။ ထို့ အပြင် သီလရှိသော သီလမရှိသော မည့်သည့် သံဃာတော်ကို မဆို တပည့်တော်သည် ကိုးကွယ်ဆီးကပ်ပါ၏ဘုရား။ ဒီနေ့ လူတွေဟာ ဘုန်းကြီးရဟန်းသံဃာများကို ဘုန်းကြီးဟာ ဘုန်းကြီးအလုပ် မလုပ်ဘူးဆိုပြီး သံဃံသရနံ ဂစ္ဆာမိ ပျ က်နေသူများအတွင်း မှာ ကျနော်မပါလို့  အယုတ်ဆုံး သီလပျက်နေသော သံဃာမှ အစ တပည့်တော်ထက် မြတ်နေသေးသောကြောင့် ထိုကဲ့ သို့ ရှစ်ခိုးပါ၏။ ဒီနေရာမှာ လူတွေ ဟာ မိမိ ဘာကိုမှ မယ်မယ်ရရ မသိသေးဘဲ သံဃာတော်များကို စော်ကား နေကြတာဟာ ဘာသာခြားတို့ အတွက် ဝမ်းမြောက်စရာတစ် ခုပါဘဲ၊ သိတယ်လို့ ထင်နေကြသူရော မသိသေးသူများပါ သီလရှိသော သံဃာ ကိုမဆိုထားနှင့် သီလမဲ့ နေသော သံဃာသည်ပင် အကယ်၍ သင်ကသီလ လုံနေသည်ထားစေအုန်းတော့ ထိုသီလ မရှိသော ရဟန်းသည် သင်ထက်မြတ်နေတာကို မမေ့ပါနဲ့  ဒီစကားကို ကြားတိုင်း လူတွေက ကျနော်ကို သံသယမျ က်လုံးတွေနဲ့ ကြည့်လာတယ် မယုံနိုင်သောစကားတွေ ပြောလာတယ်လို့ ဆိုကြတယ်။ ဒါကို စာနဲ့ ပေနဲ့  အခိုင်အမာ ပြောတော့လဲ ထိုစာပေတွေကို မဖတ်ဖူးကြသူ များဖြစ်လေ တော့ ကျ နော်ကို လူတပ်ကြီး လုပ်တယ် လို့ ဆိုလာကြတယ်၊ မိလိန္ဒပညာ စာအုပ်မှာလဲ ထို သီလ မရှိသော သံဃာတော် တို့ သည် သီလရှိသောလူထက် မြတ်ပုံကို ဥပမာနှင့် ပြသထားပေသည်။ မည်ကဲ့သို့  မြတ်နေသလဲ လို့ ဆိုရင် သီလရှိသော သူ သည် သီလ ရှိစေကာမူ လူဝတ်ကြောင် ဖြစ်သောကြောင့် တစ်ခြားသော လူတစ်ယောက်ကို ရဟန်းဝတ် သိမ်တက်ပြီး ရဟန်းပြု ပေးနို င်သော အဆင့်မရှိ သောကြောင့်ဟု ပြဆိုထားပေသည်။ သီလမဲ့နေသော သံဃာသည် သီလမဲ့နေစကောမူ အခြားသော လူ တို့ အား ရဟန်းပြု ပေးခွင့်ရှိသောကြောင့် ထိုသီလမဲ့ သောရဟန်းသည် လူထက်မြတ်ပေသည်။ နောက်ထပ် တစ်ခု ဥပမာကား ပဋ္ဋိယတ် ပဋ္ဋိပါတ် ကဋ္ဋိဝေဒ ဆိုသော သာသနာကွယ်လာတဲ့ အခါ လိမ်ဏ သာသနာ ကိုရောက်ပေမည် ထို သာသနာတွင် သံဃာ တို့ သည် လုံးဝသီလ မရှိတော့ပါ ထို လိမ်ဏ သာသနာမှ ရဟန်းသံဃာတို့ သည် လူ တို့ နည်းတူ အိမ်ထောင်ပြု သားမွေး ဥစ္စာရှာကြမည်သာ ဖြစ်သည်။ ထိုသာသနာကို ပင် သာသနာဟု ခေါ်ပေသေးသည် ထိုအချိန်မှာ သာသနာ ကွယ်ပြီဟု လုံးဝ မပြောနိုင်သေးပေ ထို သာသနာမှာ ရဟန်းသံဃာ တို့ အား အရမတ်ရဟန္တာများ အဖြစ်စိတ်နှစ်လုံးမွေး၍ပေးလှု ပါက အကျိုးရှိပေသေးသည်ဟု ဟောထားပေသည်။ ထို့ ကြောင့် သံဃာတော်များမှာ သီလ ရှိရေး မရှိရေးသည် သံဃာတော်တို့ ၏ အရေးသာဖြစ်၍ သင့် အနေဖြင့် သံဃံသရနံ ဂစ္ဆာမိ ဆိုတဲ့ သရဏဂုံ မပျက်ရေးသည် သင့် အရေးဆိုတာကို မမေ့ဖို့ လိုပေသည်။ 
ယနေ့ တရား ဟာနေသော ဆရာတော်ကြီး များ၏ တရားဟောပြောရာတွင် တွေ့ ရသော အမှားကို မြင်ရသိအခါ ကျ နော်သည် ငယ်စဉ်က သမိုင်းပုဒ်စာများ ဖြေဆိုရာတွင် ထိုဖြေဆိုရမည့်စာကို "၏"  "သည်" မရွေး တစ်လုံးမှ မမှားအောင် မဖြေဆိုနိုင်ခဲ့ တာကိုသွားသတိရမိပါသည်။ ထိုနည်းတူစွာ ဆရာတော် သံဃာတော်များ တရားဟော ရာတွင် "၏"  "သည်" မရွေးမမှားဟု မဆိုနိုင်ပေ ထို့ ကြောင့် ဆရာတော်သံဃာတော် တို့ ၏တရားကိုကြားနာ၍ အမှားမြင်ရသောအခါ ကို့ ကိုကိုယ် ဖြေဆယ်နိုင် ပေသည်၊ သို့ သော်လည်း ဆရာတော်သံဃာတော်များအား ရှစ်ခိုးတောင်းပန်လိုတာက တရားဟောရာမှာ အထက်ကဖေါ်ပြထားသလို ထေရဝါဒ မူ ကိုတော့လိုက်နို င်မှ သင့်တော်ပေမည် ထိုသို့ လိုက်နာ ပါမှ တရားဟော တရားနာ နှစ်ဖျာသော ပုဂ္ဂိုလ် တို့  အကြိုးများကြမည်ဖြစ်ပါသည်။ ဆရာတော် များဘုရား ကာလမ သုတ္တံ ကိုကြားနာဖူးပြီးသည်မှ စ၍ တပည့်တော်၏ စက်ထဲမှာ ပိဋ္ဋက သုံး ပုံလုံးကို ဒေါင်းယူထားသောကြောင့် ကြားနာဖူးသောတရားတော် များကို နှုင်းရှင်မှု ပြု ခဲ့ပါ၏ ဆရာတော် တို့ ၏ အမှားသည် ဆရာတော်တစ်ဦးတည်း အတွက် အဟုပ်ဘဲ တရားနာ ပုဂ္ဂို တို့ အတွက် ပါ အမှားဖြစ်မည်ကို အထူးသိရှိထားစေလိုပါသည်။ သို့ မဟုပ်ပါက ထေရဝါဒ မူမှ သွေဖယ်နေမည် ဆိုပါ က ထေရဝါဒ သံဃာဖြစ်စေကာမူ အမည်ခံသာဖြစ်ပေလိပ်မည်။ 
အရှင်မဟာကသပ ၏ ဤမူ လေးချက်ကို တပည့်တော် အထူးနှစ်သက် ဝမ်းမြောက်ရပါ၏ဘုရား 
(တစ်) မြတ်စွာဘုရားဟော သည့် တရား ကို ဟောသည့် အတိုင်းသာ တင်ပြရန်။
(နှစ်) ဘုရား မဟောသည် များကိုလည်း မဖြည့်စွက်ရန် (ဖြည့်စွက်မတင်သင်းရန်) ။
(သုံး) ဘုရားဟောထားသော တရားတော်များထဲမှ လဲ ထုပ်လား နှုပ်လား မပြု လုပ်ကြရန်။
(လေး) ဘုရားဟောသည်ကို ဟောသည့်အတိုင်းသား ကျင့်ကြံ လိုက်နာကြရန်တို့ ဖြစ်သည်။ 
အရှင်ဘုရားတို့ လည်း တရားနာ ပုဂ္ဂိုလ်များကို မေတ္တာထားသောအားဖြင့် ထေရဝါဒမူကို လိုက်နာပေးကြပါဘုရား။ ဒါမှသာလဲ ဆရာ ဒါယကာ အကြိုးများမည်ဖြစ်ပါသည်။ 
ကျ နော်အတွေး အမြင်များဟာ သာသနာတော်ဝန်ထန်း ပုဂ္ဂို လ်များကို မလေးမစား လုပ်ခြင်းတစ်ခုမှ မပါဘူးဆိုတာ ကိုယ်တိုင်ဘဲ သိပါတယ်။ မေတ္တာရပ်ခံခြင်းသာ ဖြစ်ပါတယ်၊ တရားနာကြ ကုန်သော လူပုဂ္ဂို လ်တို့ ကလဲ သာသနာရေး အသိကို ပညာသိ သိလာအောင် လုပ်ဆောင်မှသာ သာသနာကြီး ကြာရှည်မယ်ဆိုတာ မေ့မထားကြပါနဲ့  ဒီနေ့ ခေတ်ကလေးတွေ Facebook ရောဂါစွဲနေရာက တိုးတက်ရေးဘက်မှာ ဆုပ်ယုတ်နေတာဟာ မိဘ များမှတာဝန်ရှိပါတယ်။ ယနေ့ ခေတ်ကလေးတွေဟာ သာသနာရေးကို အပေါ်ယံလောက်သာ သိကြပါတော့တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ အပေါ်က က်ေနာ့အေတြးအျမင္မ် ားကေတာ့ သံဃာ မ် ားကို ေလးစားၾကပါ သံဃာမ် ားက လည္း ဒါယကာ မ် ားအေပၚ မေတ္တာထား ဟောပြောရာမှာ ထေရဝါဒမူကို လိုက်နာကြပါလို့  တောင်းပန်လျောက်ထားပါ၏
အနတ္တ စင်္ကြ ဝဋ္ဌာ မှ မေတ္တာမျှ ဝေပါ၏
19/11/2014
No comments:
Post a Comment