Monday 10 November 2014
စက္ကဝတ္တိ သုတ္တံတရား တော်နှင့် ကျနော်၏ အတွေး အမြင်များ
သာသနာ တော်ကြီးပျက်စည်းရာ ပျက်စည်းကြောင့်းကို ပြု ကြသူ ငရဲမကြောင့်တဲ့ လူမိုက်များရဲ့ အမှု ကိုကြည့်ရှု ပြီး အဘိဇ္ဇာမပွား တပ်အောင်နေတပ်ဖို့  လိုပါတယ်။ ဒီနေ့ ခေတ်မှာ သံဃာငယ်လေးများ ရဲ့မသိနားမလည်မှု ဟာ ဘာသာခြားများရဲ့ အထင်သေးစရာလဲ ဖြစ်ပါတယ်။ ဘယ်ဘာသာဝင် မဆို လူ ပါဘဲ လူဖြစ်တော့ ခန္ဓာ ငါးပါး ရထားပြီးသား ဓါတ်ပါးကို ကံစိတ်ဥတု
အဟာရက ပြု ပြင်စီမံလို့  အသက်ရှင်နေကြရတာ ကို ငါ သူ ဘယ်သူ ဘယ်ဝါ လို့  အဝိဇ္ဇာ နဲ့  ဖုန်းထားလေတော့ အမှန်မြင်သူ ပညာရှိ ဆို ရှားပါးနေတဲ့ ခေတ်ကြီးမှာ မိမိ သည်သာ ကောင်းမှု တစ်ခုကို ကြိုးစားပြု ကြပါ။ အထက်မှာ ပြသထားတဲ့ ပုံ ကို ဝက်ဆိုဒ်တွေထဲမှာ တွေ့ လို့ တင်လိုက်တာပါ စာဖတ်သူ တို့ အနေနဲ့ ဆင်ခြင်ဥာဏ်ပွားနိုင်ဖို့ သာရည်ရွယ်ပါတယ်။ ဒီစာကို ဖတ်နေတဲ့ အချိန်မှာ မိမိ ကိုယ် မိမိ ဘာရယ်ဆိုတာ ခဏလေးမေ့ထားနိုင်ရင် ပိုကောင်းပါမယ် ဒီတဒင်္ဂလေးမှား စာကိုဖတ်နေရင်း သက္ကာယဒိဌိ လေး ကွာနေစေခြင်တာရယ် စာဖတ်ပြီး အကုသိုလ်မဖြစ်ဘဲ အမှန်ကိုမြင်စေချင်တာကြောင့် ဒီလိုပြောရတာပါ။ တရားသမား တစ်ယောက်ရဲ့ အနုသယ အကုသိုလ်ယူနည်းလေးတွေကို မြင်အောင်ကြည့်စေချင်ပါတယ် လူ တစ်ယောက်ဟာ တရားကိုသဒ္ဒါဖြစ်လို့ တရားဓမ္မကို လေ့လာလိုက်စားလာပြီး ဆိုရင် ဗဟုသုတအတော်လေးကြွယ်လာရင် ဖြစ်တပ်တဲ့ အကုသိုလ်လည်း ဖြစ်ပါတယ် ဒါကတော့ ကို့ ရဲ့ကံမ္မပစ္စယော Action တွေအဖြစ်နဲ့ လုပ်ဆောင်လာတဲ့အခါမှာ အဖြစ်တပ်တဲ့ သဘောလေးပါ။ တရားတော်ကိုတော့ သဒ္ဒါတရား ဖြစ်လို့ လေ့လာလိုက်တာ အတော်လေးကို စာသိရော သညာသိပါ သိလာတဲ့အခါ ဒိဌိကက်ထားဆဲ ဖြစ်လို့  ငါ နဲ့  သူ ဆိုတဲ့ အစွန်းနှစ်ဖက်ကို ခွနင်းထားဆဲပါ ဘဲ ဒီတော့ ငါ နဲ့  သူ ဆိုတဲ သယံကတံ ပရံကတံ အစရှိတဲ့ ပါဋ္ဌိစကားအရ စွဲမြဲစွာဆုပ်ကိုင်ထားလေတော့ အမှန်ကိုမမြင်လေတော့ ငါ သည်တရားကို ယုံကြည်တယ် တရားကိုလေးစားတယ် တရားဓမ္မတို့ အပေါ်မှာ အထင်ကြီးတစ်လုံးနဲ့  ထင်နေလေ့ရှိပါ တယ် အဲဒီအခါ မှာ ဒီနူးညံ့လှတဲ့ အကုသိုလ်လေးဝင်ပါတယ် ဘာလဲဆိုတော့ သူ မသိဘူး၊ ဟိုကောင်က မသိဘူး၊ ငါ လုပ်နေတာကဘာဘဲ ဟိုကောင်လုပ်နေတာကတော့ဖြစ်ဘယ်ကဲ့ သို့ ဘယ်ချမ်းသာ စသဖြင်း သက္ကာယဒိဌိကြီးတမ်းလန်းနဲ့  အဘိဇ္ဇာ ယူကြတော့တဲ့ အခါမှာ တရားသမားပင်ဖြစ်သော်လည်း အကုသိုလ်ဖြစ်ရတော့တာပါဘဲ ဒါကြောင့် ဒီ Post လေးကိုဖတ်တဲ့ အခါမှာ မိမိ ကိုယ် မိမိ ငါဆိုတာလေး ကို ရော အပေါ်ပုံကို မြင်ရလို့  ဒီကောင်တွေကွာ ဆိုတာကို ရော မယူစေတဲ့ ငါ နဲ့  သူ ဆိုတဲ့ အစွန်းလေးကို ဖယ်ပြီးဖတ်ကြပါ။ ပြောရရင်တော့ တရား အလုပ်ကို လုပ်ရင်း အကုသိုလ်ယူနည်းလေး ကို မြင်သွားအောင်လို့ ပါ မြင်မှရှေင်လို့ ရတယ် လေ မမြင်ရင် ခလုပ်တိုက်မယ် ချော်လဲ မယ် မို့ လား။ ဒါကိုလဲ ပဌာန်းဒေသနာထဲ မှာ ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္စိမာနံ ပစ္စိမာနံ အကုသလာနံ ဓမ္မာနံ လို့ ပေးထားတယ် မို့ လား ကုသိုလ်တွေတော့ လုပ်ကြတာပါဘဲ ပညာ မပါလေ စေတနာ မမှန်လေတော့ နောင်ဖြစ်တဲ့ ဝိပါက ပစ္စယော ဆိုတဲ့ အကြိုးရလဒ် ကြတာ့ အကုသိုလ်ဖြစ်ကြရတာလေ။ စက္ကဝတ္တိ သုတ်ကို ရေးဖို့ ကြာနေပြီ ခုလို အထက်က ပုံလေးကို မြင်ရတော့ ကွယ်ပျောက်ရမည် မှန်သော သာသနာကို ငါ ဘာ လုပ်ပေးရင် တစ်ရက် တစ်လ တစ်နှစ် စဖြင့် ဘယ်လောက်ထိအဓွန်ရှာမလဲ စဉ်းစားမိလာတယ် ဒီတော့ နိုင်တာ လုပ်မယ် ဆိုတဲ့ အတွေးနဲ့  ဒီ Post ကိုရေးလိုက်တာပါ။ သာသနာ သုံးရပ်လုံးထွန်းကား နေသေးတဲ့ ဒီနေ့ ခေတ်မှာ ကျနော်တို့ တွေဆိမှာ အခွင့်အရေးတွေ အားလုံးရှိနေသေးတယ် တရားဆိုတဲ့ အမြတ်ဆုံး ရတာနာ ကို မြင်အောင်ကြည့်တပ်သူ ဟာ ဘုရားဆိုတဲ့ အမြတ်ဆုံး ရတနာ ကိုမြင်နိုင် သလို သံဃာ ဆိုတဲ့ အမြတ်ဆုံး ရတနာကို Automatically မြင်နိုင်မယ်ဆိုတာ မြေကြီးကိုလက်နဲ့  ခတ်ကြည့်ရင်တောင် လွဲရင် လွဲသွားမယ် ကျနော့စကားမှာ လွဲစရာ အကြောင်းမရှိတာကို ပညာရှိသူတော်စဉ်တွေ မြင်မယ်ဆိုတာ ယုံကြည် လို့ ဒီစာကိုရဲရဲကြီးရေးလိုက်တာပါ။  လူတွေဟာ ငါ ဆိုတဲ့ အယူနဲ့  သူ ဆိုတာကိုမြင် နေတော့ သူ လုပ်နေတာ ကောင်း မကောင်း သိသာလွယ်တော့ ပြောဖြစ်လာတဲ့ ဆိုဖြစ်လာ တဲ့ ကာယကံ ဝစိကံ မနောကံတွေကို အမှားသိကို ငါ သိတယ်လုပ်ပြီး အဘိဇ္ဇျာ ကို လှိုင်လှိုင်ကြီးပွားနေကြတော့တာပါဘဲ။ ငါကောင်းအောင် နေမဟဲ့ ဆိုတဲ့လူတွေမှာလဲ အဝိဇ္ဇာတန်းလန်း သက္ကာယဒိဌိ တန်းလန်းကြီးတွေနဲ့ ဆိုတော့ သူ ဆိုတဲ့အခြားသော လူ တွေကို အထင်တွေ အမြင်တွေနဲ့  ပုဒ်ခတ်လာတဲ့ အခါမှာ နိုင်ငံရေး သမား ကို ဆေးဆရာတွေကို သမ္မတကို ရပ်ကွက်လူကြီးကို ကျောင်းဆရာ ကို ရဟန်းသံဃာကို ဝေဖန်ပြောဆို လာတဲ့ ကံသုံးပါ မှာ လောဘ ဒေါသ မောဟ ဆိုတဲ့ ဟိတ်သုံးပါး ကပ်နေသမျှ တော့ ငါ သူ မိမိ ဘယ်သူဘယ်ဝါ မဆို ငရဲ တံခါးကို ကိုယ်ဘာသာ ကိုယ်ဖွင့်လိုက်တာ မမြင်လိုက်ရပါဘူး မမြင်အောင်လဲ အဝဇ္ဇာက ဖုန်းထားပေးပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ လူတွေထဲ က သမ္မတ ကို ပုတ်ခတ်ပြောဆိုရင် ထောင်နဲ့ နည်းတယ်၊ နိုင်ငံရေးသမားတွေကို ပြောဆိုပုတ်ခတ်ရင် စကားများ ရန်ဖြစ်ကြမယ် ဆရာသမားကို ပြောဆို ပုတ်ခတ်ရင် ငရဲ နဲ့ နီးသွားပြီ ဘာလို့ လဲ ဆိုတော့ အနန္တောအနန္တ ငါးပါးဝင် ဖြစ်တဲ့ ဆရာ ကို စော်ကားရာရောက်သွားပြီ။ သံဃာတော်တွေကို ပြောဆိုပုဒ်ခတ်ရင် ဗုဒ္ဓံသရနံ ဂစ္ဆာမိ ပျက်သွားနိုင် လို့  ဗုဒ္ဓဘာသာ စစ်စစ်ကနေ ဒိဌိကြီး စစ်စစ် ဖြစ်သွားမယ် ဆိုတာကို နားလယ်ကြဘိုလိုပါတယ်။ သရနဂုံ ပျက်သွားသူတွေ လားရာ ဂတိက ငရဲဆိုတာဖြစ်ဖို့ များတယ် သို့ သော်လည်း ပြု လုပ်တဲ့ Action တွေကို အလောဘ ဆိုတဲ့ စေတနာ၊ အဒေါသဆိုတဲ့ မေတ္တာ၊ အမောဟ ဆိုတဲ့ ပညာ အစရှိတဲ့ ဟိတ်တွေနဲ့  ပြု လုပ်မဲ့ ဆိုတဲ့ Action တွေဖြစ်မှ သာ ငရဲ ကိုရှောင်ကွင်းလို့ ရမယ် ဒါဟာလဲ အမောဟ ဆိုတဲ့ ပညာ အဓိပတိ ဖြစ်ဖို့  လိုပါသေးတယ်။ ဒီနေ့ လူငယ် တွေရော လူကြီးတွေပါ သံဃာတွေကို စောကားနေကြတာ သံဃာတွေအပေါ် အထင်မှားနေကြတာ ဟာ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို အဝိဇ္ဇာက ဆီးတားထားလေတော့ မမြင်ကြဘူး။ Facebook တွေမှာ အခြားသော Social Website တွေမှာ သံဃာတွေကို စော်ကားနေကြတာ မိမိ ငရဲ ကို မိမိ ဖန်တည်းနေကြတာပါ။
      စက္ကဝတ္တသုတ္တံ ကို အလွန်ရှည်လျှားတဲ့ ဒီဃနိကယ် ထဲမှာထဲ့သွင်းထားပါတယ်၊ အတိတ်ကိုပြန်ကြည့်ရင် လူတို့ အသက် အနှစ်ရှင်သောင်းတန်းက စပြီးဟောထားပါတယ် ကျနော်တွေးမိတဲ့အတွေးအရ ပေါ့ ကဿ     ဖဘုရားရှင်သာသနာ ကွယ်ပြီး လူတွေလဲ ဒီလိုဘဲ သက်တန်းတွေ ဆုပ် ဆယ်နှစ်တန်းရောက် ပြီး သက်တန်းတွေပြန်တက် အသင်္ချေ တန်းပြန်ရောက် ပြီး သက်တန်းတွေ ပြန်ကျ လို့  အနှစ်ရှစ်သောင်းတန်းမှာ စတင်ပေါ်လာတဲ့ ဒုစရိုက်တရားတွေလို့ ယူဆပါတယ် ဘာလို့ လဲ ဆိုတော့ နောင်လာမဲ့ အရိမေတ္တေယျမြတ်စွာဘုရား ဟာလည်း လူတို့ သက်တန်းပြန်ဆုပ်လာပြီး အနှစ် ရှစ်သောင်းတန်းမှာပွင့်တော်မူမယ် လို့ ဒီ စက္ကဝတ္တသုတ္တံထဲမှာ ဟောထားလို့ ပါဘဲ၊ အဲဒီလူတို့ အသက် ရှစ်သောင်းတန်းမှာ ဝဠှနေမိ ဆိုတဲ့ စင်္ကြာဝတေးမင်း ဆိုတာရှိခဲ့ပါတယ် သူ့ အဆက်သားစဉ်မြေးဆက်ဆက်တိုင်တိုင်စင်္ကြာဝတေးမင်းတွေကြီးပါဘဲ။ ဒီနေရာမှာ စင်္ကြာဝတေး မင်းဆိုတာ သီလ သမာတိပြည့်စုံရပါတယ် စင်္ကြာဝတေးမင်း ဟာ သာမန်မင်းတွေထက် ထူးခြားတာက စင်္ကြာဝတေးမင်းတို့ ရဲ့ ကျင့်ဝတ်ကိုကျင့်မှ စင်္ကြာဝတေးမင်းဖြစ်တာပါ ဘုရားပြီးရင် ဘုန်းတန်ခိုးအကြီးဆုံးလူ သားပါဘဲ စင်္ကြဝတေးမင်း မှာ မမျိုးသမီးဘဝနဲ့  စင်္ကြာဝတေးမင်းဖြစ်စရာ အကြောင်းမရှိပါဘူး စင်္ကြာဝတေးမင်း မှန်သမျှ ယောင်္ကျားစစ်စစ် ပူရိသ စစ်စစ်တွေသာ ဖြစ်ပါကြပါတယ် ဘာကြောင့်လဲဆိုရင် အရင်ဘဝက ပြု ကျင့်တဲ့ အကျင့်ကောင်းတို့ ရဲ့ အကျိုးပေးဖြစ်သလို့  လက်ရှိဘဝမှာလဲ စင်္ကြာဝတေးမင်း တို့ ရဲ့ကျင့်ဝတ်ကို ကျင့်ကြံမှာသာ စင်္ကြာရတနာယဉ်ကို ပိုင်ဆိုင်ရလို့ ပါဘဲ စင်္ကြာဝတေးမင်းတိုင်းမှာ ရတနာ ပါးပြည့်စုံရပါတယ် စင်္ကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတမြားရတနာ၊ မိန်းမရတနာ၊ သူဌေးရတနာ နဲ့  သားကြီးရတနာတို့ ပါဘဲ အဲဒီရတနာတွေထဲက စင်္ကြာရတနာကြီးကတော့ ဟောဒီင်္ကြာဝဠာကြီး ကို စီးပြီးသွားနိုင်တဲ့ စင်္ကြာယဉ်ကြီးကတော့ အထူးခြားဆုံးပါဘဲ စင်္ကြာမင်းဆိုတာ စင်္ကြာဝဠာ ကျွန်းကြီးလေးကျွန်းလုံးကို ပိုင်စိုးတော်မူသော ဘုရင်သာဖြစ်ပါတယ် ကျနော်တို့ ယ္ခု နေတဲ့ တောင်ကျွန်းအပါအဝင်ပေါ့။ ဒါကစင်္ကြာဝတေးမင်း အကြောင်းနဲနဲ ဖွင့်ပြတာပါ၊ ဝဠှနေမိ မင်းကနေ အဆင့်ဆင့်သော စင်္ကြာဝတေးမင်းတွေဟာ သူတို့ ရဲ့ကျင့်ဝတ်တရားနဲ့  အညီ ကျင့်နေခဲ့လို ဆက်မြောက် မင်းရဲ့ သားတော်ရဲ့ အလှည့်မှာ စင်္ကြာမင်းတို့ ရဲ့ ကျင့်ဝတ်ကို ကျင့်ရာမှာ တစ်ခုကိုပျက်ကွက်ရာကစပြီး လူတို့ သက်တန်းဆုပ်ယုတ်လာရတာပါ။ စင်္ကြာမင်းတိုင်းရဲ့ စင်္ကြာရတနာယဉ်ဟာလည်း စင်္ကြာဝတေးမင်း ပြောင်းတိုင်း ပြောင်းတိုင်း ကွယ်ပျောက်သွားရပါတယ် နောင်တက်တဲ့ စင်္ကြာဝတေးမင်းက စင်္ကြာဝတေးမင်းတို့ ရဲ့ ကျင့်ဝတ်ကို ကျင့်မှာ သူ့ အလို လို ပြန်ရောက်လာကြတာဖြစ်ပါတယ်။ ရှစ်ခုမြောက်မင်း အလှည့်စင်္ကြာယဉ်ကြီးကွယ်သွားတော့ ဒီမင်းဟာ စိတ်မကောင်းဖြစ်တယ် ဒီယဉ်ပျောက်သွားတာကိုလဲ ရှောက်ပြောတယ်၊ စင်္ကြမင်းဆိုတာ စင်္ကြာယဉ်ပျောက်သွားတာကို မပြောရပါဘူး ဖခမည်းတ်ာကို ရှောက်တင်ပြီးမေးရပါတယ် စင်္ကြာမင်းကျင့်ဝတ်ကို ကျင့်မှ စင်္ကြာယဉ်ကို ပြန်ရတာပါ၊ သူ့ အလှည်မှာ မူးကြီးမတ်ကြီးတွေကိုလဲ ပြောဖြစ်ပါတယ် နောက်ပြီး ဖခမည်းတော်ကိုလည်း စင်္ကြာမင်းကျင့်ဝတ်ကို မမေးပါဘူး ဒီအတိုင်း စင်္ကြာဝဠာကြီးကို သွားလို့ ကလဲ မဖြစ်ပါဘူး ဒါကိုသိတဲ့ မူးမတ်သေနာပတိတွေက ပညာရှိတွေကို မေးရမယ် ပြောလို့  မေးမြန်းကျင့် ကြံခဲ့ပေမဲ့ သူမလိုက်နာတာ တစ်ချက်ရှိနေပါတယ် စင်္ကြာမင်းတွေရဲ့ ကျင့်ဝတ်တွေထဲက ဥစ္စာ မရှိသူတွေကို ပေးကန်းထောက်ပန့် ရမယ် ဆိုတဲ့ အချက် ကို သူမလိုက်နာခဲ့ ပါဘူး သူ့ မှာဒီတစ်ချက် ပျက်ကွက်နေပါတယ် အနှစ်ရှစ်သောင်းတန်း မှာ ဆိုတော့ လူတွေရဲ့ အသက်ကို တွက်သာကြည့်ပေတော့ လူတွေဟာ အနှစ် ၅၀၀ ရောက်မှ လူလားမြောက်လို့  အိမ်ထောင်သားမွေးပြု လို့ ရတာပါ။ ဒီလိုပစ္စည်းဥစ္စာ မထောင်ပန့် တော့ တိုင်းပြည်မှာ ဆင်းရဲ မှု တွေ စဖြစ်လာပြီး ခိုးမှုတွေ စပေါ်ပေါက်လာပါတယ် ဒီအခါမှာ မရှိတဲ့လူတွေက စ ခိုး တပ်လာပါတယ် အဲဒီခေတ်လူတွေဟာ အားလုံး ရုပ်ချောကြပါတယ် သီလ အကျိုးပေးတွေကြောင့်ပါ။ ဒီမင်းကြီးက အဲလို သူခိုးတွေပေါ်လာတော့မှ သူခိုး ကို ဖန်းပြီး စစ်မေးလို့  သူခိုးကလဲ ဟုပ်မှန်ကြောင်း ခိုးမိကြောင်း ဝန်ခံ လို့  လိမ်မပြောသေးဘူးနော် ဒီတော့ ဘုရင် က ငွေကြေးထောင့်ပန့် ပြီး လုပ်ကိုင်စားသောက်ဖို့  လှူ ဖို့ က အစပေးတော့ ကျ န်လူတွေက ဘုရင်ကြီးက ခိုးရင် ငွေထောက်ပန့် တယ် ဒို့ လဲ ခိုးမယ်တွေဖြစ်လာတယ် ဒီလိုနဲ့  လူမှု ပြဿ     နာတွေစလာတော့ ခိုးမှု တွေပိုများလာတယ်။ ဒီတော့မှ ဘုရင်ကြီးကတွေးတယ် ဒီအတိုင်း သာငွေတွေထောင့်ပန့် နေရင် ခိုးမှု က ပြီးမှာ မဟုပ်တော့ဘူးဆို ပြီး ခိုး တဲ့ လူကို သတ်စေအမိတ်ထုပ်ပါလေရော ဒီတော့ လူတွေကတွေးလာတယ် ဘုရင်က ခိုးရင် သတ်တယ် ဒီတော့ ဒို့  မခိုးတော့ဘူး လို့ ဖြစ်မလာဘဲ ဒို့ လဲ လက်နက်လုပ်ပြီး လုယက်တိုက်ခိုက်မှဖြစ်မယ်လို့ ဆိုပြီး လက်နက်တွေလုပ်လာရကစပြီး ပါဏာတိပါတာ အမှု ကြီးစတင် ပေါ်လာလိုက်တာ လူတို့ ရဲ့ သက်တန်း အနှစ်ရှစ်သောင်းကနေပြီး အနှစ် လေးသောင်းတန်းကို ထက်ဝက်ကြီးထိုးဆင်းသွားပါတယ် လူတို့ ရဲ့ ရုပ်ရည်ဟာလည်း အနည်းငယ် ဆိုးလာပါတယ် သက်တန်းကျ တိုင်းရုပ်တွေက ဆိုးဆိုးလာပါတယ်။ ဒီလူတို့ ရဲ့သက်တန်း ရှစ်သောင်းတန်းမှာ အဒိန္နဒါ နာ နဲ့  ပါဏာတိပါတာ ကံကို ပြစ်မှာကျူးလွန်မိတာကြောင့် သက်တန်းကျ ရတာပါ။ 
        နောင် အနှစ်လေးသောင်းတန်းလူတွေဆီမှာ ဘာထွန်းကားလာသလဲ ဆိုတဲ့ ဘုရင်ကခိုးရင်သတ်တော့ သေမှာကြောင့်လို့ မခိုးရပါဘူး ဆိုတဲ့ မုသာဝါဒ ကံကြီး ပေါ်ပေါက်လာခဲပါတယ် ဒီကံတစ်ခု ပေါ်လိုက်တာနဲ့  အနှစ်လေးသောင်းတန်းက လူတွေရဲ့ သက်တန်းဟာလဲ နောက်ထပ်ထက်ဝင်ကျသွားပြီး ရုပ်အဆင်းလဲကျ လာပါတယ် လူတို့ အသက် နှစ်သောင်းတန်းကို ကျ သွားပါတယ်။ 
              ဒီလူတို့ အသက် နှစ်သောင်းတန်းရောက်တော့ နောက်ထပ်ဒုစရိုက်တစ်ပါ ထပ်ပေါ်လာပါတယ် အဲဒါကတော့ ကုန်းချောစကား ပါဘဲ မခိုးသူကို ခိုးပါတယ်ဆိုပြီး ဘုရင့်ကိုတိုင်တဲ့ကုန်းချောကုန်းတိုက် တဲ့ ဒုစရိုက်ကြောင့် လူတို့ သက်တန်းဟာ ထက်ဝက်ထပ်ကျ ပြီး ထိုခေတ်လူတို့ ရဲ့ သားသမီးတွေဟာ အနှစ်နှစ်သောင်းကနေ အနှစ်တစ်သောင်းတန်းကို ကျ သွားပြီး ရုပ်ရည်လဲ ကျ ဆင်းလာပါတယ်။ 
     ထိုအနှစ်ငါးထောင်တန်း ခေတ်လူတွေဆီမှာ ဒုစရိုက် နှစ်ပါးထပ်ထွန်းကားတယ် အဲဒါကတော့ ဖရုသဝါစာ လို့ ပြောရမယ်ထင်တယ် အဲဒီခေတ်ကလူတွေ ဆဲ တပ်လာတယ် သိမ်ဖျင်းတဲ့ စကားတွေပြောတပ်လာတယ် အဲဒီတရား နှစ်ပါးပေါ်လာတွက် အတွက်ကြောင့် အနှစ်ငါးထောင်တန်းကနေ အနှစ် နှစ်ထောင့်ငါးရာတန်းကို ကျ သွားတယ် ထုံစံအတိုင်း လူတွေရုပ်ပိဆိုးလာတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက လူသက်တန်းခြင်း မညီကြတော့ဘူး တစ်ချို့ အနှစ် နှစ်ထောင့်ငါးရာ တစ်ချို့ အနှစ် နှစ်ထောင်ဖြစ်လာတယ်
    ထိုအနှစ် နှစ်ထောင့်ငါးရာတန်း နဲ့  အနှစ် နှစ်ထောင်ကလူတွေဆီမှာ ထွန်းကားလာတဲ့ တရား နှစ်ပါးရှိတယ် အဲဒါတွေကတော့တော့ အဘိဇ္ဈာနဲ့  ဗျာပါဒ တစ်ရားနှစ်ပါးဖြစ်တယ် ဒီတရား နှစ်ပါးဖြစ်ထွန်းလာတာကြောင့် လူ့ သက်တန်း တစ်ထောင်တန်းကို ထိုးဆင်းသွားပါတယ်။ ရုပ်တွေဆိုတာကတော့ သက်တန်းဆုပ်နေသမျှ ရုပ်အဆင်းကလဲ ဆုပ်ဆုပ်လာတာပါဘဲ။
    ထိုလူသက်တန်း တစ်ထောင်တန်းလူတို့ တွင်အယူဝါဒ အသစ်အဆန်းတွေ ပေါ်ပေါက်လာတယ် ပြောရရင်တော့ဗျာ မိစ္ဆာဒိဌိတရား ၁၀ ပါးအားလုံးထွန်းကားနေပြီဖြစ်တယ် ဒီအတွက်ကြောင့်လူသက်တန်းဟာ လည်း အနှစ်ငါးရာတန်းကိုကျ လာတယ်ရုပ်အဆင်းလဲ ကျလာတယ် သူတို့ သားသမီးလက်ထက်မှာ သက်တန်းဟာ ငါးရာဖြစ်သွားပါတယ်။
    အနှစ်ငါးရာရောက်လို့ နောက်ထပ်ထွန်းကားလာတဲ့ ဒုစရိုက်တရားများကတော့ သုံးခု ဖြစ်ပါတယ် ပထမတစ်ခုကက မိစ္ဆာရာဂ ဖြစ်ပါတယ်၊ ဒုတိယက ဝိသမလောဘဖြစ်ပါတယ်၊ တတိယကတော့ မိစ္ဆာဓမ္မတို့ ဖြစ်ပါတယ်။ ဒီနေရာမှာ မိစ္ဆာရာဂ ဆိုတာက ဖအေ နဲ့ သမီး မအေ နဲ့ သား မှားမှားယွင်းယွင်း ကာမဆက်ဆံတာကို ပြောတာပါ ကျနောဖတ်ဖူတဲ့ အင်္ဂလိပ်စာအုပ် တစ်အုပ်ထဲက မှတ်တန်းအရ ၁၉၇၀ ခုလောက်က အမေရိကန်နိုင်ငံရဲ့ မဒိန်းမှု ၂၀၀ မှာ အဖေ နဲ့  သမီး ကာမ ဆက်ဆံတဲ့အမှု က ၁၉၀ ကျော်ပါဝင်နေတယ် လို့ ဖေါ်ပြထားတာ ဖတ်ဖူးပါတယ်၊ အခုနေထိုင်နေတဲ့ မလေး နိုင်ငံ မှာ ဒီလို အမှု တွေအပြင် မအေ နဲ့  သား ကာမ ဆက်ဆံတာကို ပါကြားဖူးရ ပါတယ်။ ကျ နော်မြန်မာနိုင်ငံ နေစဉ်က ဒီလို အမှု ဆိုတာမကြားဖူးခဲ့လို့  အရန်းကို အံ့သြရပါတယ်။ ဝိသမာလောဘ ကိုတော့အထူးရှင်းပြ နေစရာ မလိုဘူးထင်ပါတယ်၊ ဒီနေရာမှာ မိစ္ဆာဓမ္မ ဆိုတာဟာ လွိင်တူခြင်း အိမ်ထောင်ပြု ပြီး ကာမ ဆက်ဆံကြတာကို ပြောတာပါ ကျား ကျား ချင်း မ မ ချင်းကာမဆက်ဆံကြတယ်ပေါ့ဗျာ။ ဒါကို နယ်သာလန်နိုင်ငံ မှာတော့ Human Right လို့ ဆိုပြီးထားပါတယ် ဒါလေး ကို မြင်ရတော့ ကျနော်တို့  ဗုဒ္ဓဘာသာ နဲ့  ဒီမိုကရေစီ တို့  Human Right တို့ ဆိုတာ ဓမ္မာသောက အင်းဝရာဇာ မအပ်စပ်တာကို မြင်လာရတယ် ဒါဟာလည်း ဘာသာရေးကို မြတ်မြတ်နိုးနိုး ချစ်တပ်လာမှ ပါ ဘာကြောင့်လဲ ဆိုတော့ လူဆိုတာ အဝိဇ္ဇာ ရယ် တဏှာရယ် ရှိနေကြတော့ အမှန်ကို မမြင်ဘဲ အရာရာကို လိုချင်နေကြတော့တာပါဘဲ။ ပြောရရင်တော့ဗျာ လူတွေဟာ အခွင့် ရေးသမားများတယ် လို့  ပြောချင်တာပါဘဲ။ ဒါပေမဲ့ ကျနော်တို့ ဒီနေ့ ရနေတဲ့ အခွင့်ရေးတွေထဲ မှာ မှန်ကန်တဲ့ အခွင့်ရေးယူနည်းကို ကြတော့ ဘယ်သူမှ မယူခြင်ကြပါဘူး ကျနော်တို့ သာသနာနဲ့ ကြုံ နေတယ် သာသနာကပေးနေတဲ့ အခွင့်အရေးဖြစ်တဲ့ သံသရာ ဘဝ ဆက်ပြတ်အောင် လုပ်နိုင်တဲ့ အခွင့်ရေးကိုကြတော့ ဘယ်သူမှ မယူကြပါဘူး။ ကဲ လူတို့ သက်တန်းကို ပြန်ဆက်ပါအုန်းမယ် ဒီတရားသုံးပါးပေါ်လာတာကြောင့် လူ့ သက်တန်းထက်ဝက်ကျ သွားပြန်တယ် နှစ်ရာ့ငါးဆယ် သို့ မဟုပ် နှစ်ရာပေါ့ဗျာ။ 
     ဒီ နှစ်ရာ့ငါးဆယ် နှစ်ရာ တန်းမှာ ဘာတွေဖြစ်လာသလဲ ဆိုတော့ လူတွေဆီမှာ ရိုသေမှု တရားခေါင်းပါးလာတယ်၊ ဒါတွေကဘာတွေလဲ ဆိုတော့ အမိ ကို ရိုသေလုပ်ကြွေးခြင်း နဲလာတယ်၊ အဖ ကို ရိုသေခြင်းလုပ်ကြွေးခြင်းနည်းလာတယ်၊ သံဃာ ကို ရိုသေခြင်းလုပ်ကြွေးခြင်းနည်းလာတယ်၊ သာမဏ ဗြာဟ္မဏ တွေကို ရိုသေခြင်း နည်းလာတယ်၊ ပြီးတော့ ရွှေမျိုးသားချင်း အကြီးအကဲ တွေကို ရိုသေခြင်းနည်း လာတယ်၊ ဒီလိုအရိုသေတရား ခေါင်းပါးလာတာကြောင့် လူ့ သက်တန်း နှစ်ရာ့ငါးဆယ်ကနေ တရာတန်းကိုဆင်းသွားရပါတယ်။ 
    ဒီတော့ ဘုရားက ဆက်ဟောထားပါသေးတယ် လူ တို့ သက်တန်း ဆယ်နှစ်တန်းရောက်အုန်းမယ်တဲ့ ထိုဆယ်နှစ်တန်းကလူတေဟာ ပိဋကတ်တော်ထဲ ဖတ်ရတာကတော့ ငါးနှစ်သမီးမှာ အိမ်ထောင်ပြုကြမယ်လို့ ပါ တယ်၊ ကျနော်နာဖူးတဲ့ တရားတစ်ခွေထဲမှာ တော့ ငါးလ သမီးဆိုအိမ်ထောင်ပြု ပြီလို့  ဟောထားတာ ကြားဖူးတယ်။ ဆရာတော့်အဟောအရ ပိဋကတ်တော်တွေထဲကမူကွဲအရ လို့ ပြောပါတယ်၊ ကျ နော်ကတော့ နှစ်သမီးလို့ လဲဖတ်ထားဖူးပါတယ် စက္ကဝတ္တိသုတ်ထဲမှာလဲ နှစ်သမီးမှာ အိမ်ထောင်ပြု ကြမယ်လို့ ဘဲရေးထားပါတယ်။ ဒီလူ့ သက်တန်း ဆယ်နှစ်ရောက်ရင် ဘာတွေဖြစ်မလဲ ဆိုတာကို ဘုရားက ဟောထားတာက မြတ်စွာဘုရား လက်ထက်က သလေးထမင်း ကို လူတွေအမြတ်ထား စားကြသလို လူ့ သက်တန်း ဆယ်နှစ်ရောက်ရင် "လူး" ဆိုတာကို ထမင်းအဖြစ်စားကြမယ်တဲ့ "လူး" "ဆပ်" " ပြောင်း" ဆိုတာကို ကြားဖူးကြမှာပေါ့။ နောက်ပြီးတော့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲ နဲ့  ဆား တို့ ကွယ်ပြောက်သွားကြမယ်တဲ့၊ ဘုရားတို့ မည်သည်ဟောသာစကား မှားရိုးမှ မရှိတာ ဘာကြောင့်ကွယ်ရသလဲ ဆိုရင် တော့ ကမ္မ ပစ္စယာ ဥတုသမုဌာနံ လို့  ဆိုစကားကို သွားသတိရပါတယ်။ လူတွေရဲ့ စိတ် စေတသိတ်တွေက ပြုလုပ်လိုက်တဲ့ ကုသိုလ် အကုသိုလ်တွေက ရာသီဥတု ကို ပြောင်းလဲစေတယ်တဲ့ လူသာမန်တို့ မမြင်နိုင်တဲ့စကားတွေပါ ဒီနေရာမှာ ကျနော်အတွေးအမြင်တွေပေါ့ ပြောရရင်တော့ လောဘ ဒေါသ မောဟ အပူမီးတွေအေကြာင့် ကမ္ဘာ့ Ozone အလွှာတွေ ပေါက်ထွက်ကုန်ပြီလို့  ဆိုခြင်တယ် ကျနော့အတွေးနော်။ ဆယ်နှစ်တန်းကို ဆက်အုန်းမယ် အဲဒီခေတ်ကလူတွေကြတော့ ဒေါသ အရန်းကြီးတယ် အမျက်ထွက်လွယ်တယ် ကုသိုလ်တရား မပြောနဲ့  အဲဒီ ကုသိုလ်ဆိုတာ စကားလုံး အဖြစ်တောင် မကျန်တော့ဘူးတဲ့ ကုသိုလ်ဆိုတာတော့ ရှာကိုမနေနဲ့ တော့။ ကဲ ကုသိုလ်တရားတွေကွယ်ကုန်ပြီ ဆိုတော့ အကုသိုလ်တွေထွန်းကား လာပြီပေါ့ ဒီခေတ်လူတွေမှာ မိဘ ညီကို မောင်ဘွား ဆိုတဲ့ အရိုသေတရားတွေက ခေါင်းပါးကုန်ပြီး တစ်မိသားစုအတွင်း မှာကို မေတ္တာတရားခေါင်းပါးပြီး အမိ ဟူ၍၎င်း မိကြီး မိထွေးဟူ၍၎င်း အရီး အဒေါ် အကို ဆရာမယား ဟူ၍ ရိုသေလေးမြတ်သော စိတ်ဟူ၍ မဖြစ်ကြတော့ဘဲ ကြက် ငှက် ခွေး ဝက် တိရိစ္ဆာန်တို့ ကဲ့သို့ ရောယှက် ပြုကျင့်ကြကုန်၏လို့ ဟောထားပါတယ်၊  ထိုသူတို့ သည် မိသားစုထဲမှာတင် အလွန်အမင်းဒေါသတရားများဖြစ် ပြု မူနေလေ့ရှိကုန်၏ ထို့ ကြောင့်သတ်ဖြတ်လိုစိတ်များ ကြီးထွားကြ၏ လို့ ဘုရားဟောတော်မူခဲ့ပါတယ်။ ထိုခေတ်လူတို့ တွင် သတ္တန္တရကပ် ဆိုက်ရောက်ပြီး စစ်ပွဲကြီးဖြစ်လေမည် ထိုအထဲမှ ပုန်းအောင်းနေသောလူတို့ သာ ကျန်ခဲ့မည်ဖြစ်ပေသည် ထိုစစ်ပွဲသည် ရက်သာကြာမြင့်မည်ဟု ဟောထားပါတယ် ထိုကဲ့သို့  ရက်ဖြစ်ပြီးနိုင်သောစစ်ပွဲမှာ အနုမြူ စစ်ပွဲသာ ဖြစ်တန်ရာ၏ အလွန်တရာရှားရှားပါးပါးကျန်သောလူတို့ သည် စစ်ပွဲကြောင့် သေကြေသူများကို သံဝေဂယူ၍ တစ်ယောက်ကို တစ်ယောက် မသတ်ကြတောဘူး ဆိုပြီး အသက်သတ်ခြင်းကို စတင်ရှောင်ကြကုန်မှ သာ ထိုခေတ်လူတို့ ၏ သားသမီးများရဲ့  အသက်သည် ၂၀ တန်းသို့  ပြန်တက်လာပေသည်၊ အသက်သတ်ခြင်းကိုရှောင်လိုက်လို့  သက်တန်းမြင့်တက်လာတာကို သိကုန်သော လူတို့ သည် အမိကို ရိုသေခြင်း၊ အဖကိုရိုသေခြင်း၊ သာမဏ ဗြာဟ္မဏ ကိုရိုသေခြင်း၊ အကြီးအကဲ တို့ ကို ရိုသေခြင်း စသဖြင့် ကောင်းမှု တွေကို ပြု လာကြရမှာ လူတို့ သက်တန်း သည် ၂၀ မှာ ၄၀၄၀ မှ ၈၀ စသဖြင့် ဆတိုးပြန်တက်လာကာ လူတို့ သက်တန်း အသင်္ချေ တန်းကို ပြန်တက်လာပေမည်။ ထိုအသင်္ချေ တန်းကို ကာလများစွားနေပြီး လူတို့ ၏ သက်တန်း အနှစ်ရှစ်သောင်းတန်းတွင်  အရိမေတ္တေယျမြတ်စွာဘုရား သည်ပွင့်တော်မူမည်ဟု စက္ကဝတ္တိသုတ်ဖတ်ဖူးပါသည်။ ထိုအနှစ်ရှင်သောင်းတန်း လူ တိုတွင် ရောဂါ သုံးမျိုးသာ ရှိပေသည်။ ထိုရောဂါများမှာ တက်မက်ခြင်း၊ ဆာလောင်ခြင်း နှင့် အိုခြင်းဟူသော ရောဂါများဖြစ်ပေသည်။ ထိုအနှစ်ရှစ်သောင်းလူသားတို့ ၏ ဘုရင်သည် သင်္ခ ဟူသောစင်္ကြာဝတေးဖြစ်ပေသည်။ စက္ကဝတ္တိသုတ် မှာ အကြယ်တဝင့်ဖတ်ကြပါတော့။
    အနှစ်ချုပ်ကို ပြောလိုသည်မှာ သီလ  သမာဓိ ပညာ ထွန်းကားရင် လူ့ သက်တန်းမြင့်ပြီး ဒုစရိုက်များထွန်းကားပါက လူတို့ သက်တန်းဆုပ်ယုတ်မည်သာဖြစ်ပေသည်။ ဒီနေ့ ခေတ်လူအများ၏ သံဃာတော်များအပေါ် အမှားမြင်နေခြင်းသည် တရားကို မမြင်၍ဖြစ်ရသည်မှာ ငြင်းစရာမလို ပေ၊ ယနေ့ ခေတ် လူသက်တန်း ရုပ်တရက်ကြမသွားအောင် ဖြစ်ရသည်မှာ ဘုရားဂေါတမ ပွင့်တော်မူလာပြီး မဂ္ဂင်တရား အကျင့်များကို ကျင့်ကြံနေကြပြီး ရဟန္တာ နှင့် သူတော်ကောင်းများ ရှိနေသေးသောကြောင့်သာဖြစ်ပေသည်။ သာသနာနဲ့  ကြုံနေတဲ့ ကျနော်တို့ တွေလက်ထဲမှာ ထိုအခွင့်ကောင်းရှိနေပေသည်။ မိမိ ကို မိမိ ပညာ နှင့် သဒ္ဒါ ညီမျှ စေ၍ လောကကို အကြိုးပြု နိုင်ပါစေကြောင်း ဆုတောင်း၍ ဤ Post ကိုရေးသားခြင်းဖြစ်ပါသည်။ ဘယ် ဘုန်းကြီး ဘယ် သံဃာ မည်သူမည်ဝါ သီလပျက်သည်ဖြစ်ပါစေ မိမိ သီလ လုံနေခြင်းဖြစ် လောကကို အထောင့်အပန့် ကောင်းများ ပေးနိုင် ပါစေကြောင်းကိုရည်သန်၍ ဤ Post မှ မေတ္တာမျှ ဝေပါသည်။  
      ယနေ့ ကမ္ဘာကြီးတွင် ဗုဒ္ဓဘာသာဝင် စစ်စစ်တို့  နည်းကုန်ပေပြီ ထိုအထဲမှ အင်မတန် အလွန်အနည်းငယ်သော သီလ သမာဓိ စင်ကြယ်ကုန်သော သူတော်ကောင်း တို့ ကြောင့် ဒီနေ့ လူသား တို့ ၏ သက်တန်းသည် တစ်ရာတန်းမှာ တင်းခံနေခြင်းဖြစ်သည်ကို ကျနော်ဘက်ကငြင်းစရာ မရှိပါ။ မိမိ အပါဝင် တာဝန်သိသောသူများ သီလ သမာဓိ ပညာ ကိုထိမ်းသိမ်းထားရင်း လောက ကောင်းမှု
ကိုထိန်းသိမ်းကြပါလေ။
အနတ္တ စင်္ကြာ ဝဌာ
No comments:
Post a Comment